OSNAP (Object Snaps) ဆိုတာ ကျနော်တို့ Drawing တွေဆွဲတဲ့အခါ ပိုတိကျဖို့အတွက် အသုံးတော်တော်ဝင်ပါတယ်။ လွယ်လွယ် ပြောရရင်တော့ အလိုရှိတဲ့နေရာတွေကို ဇပ်ကနဲ၊ ဇပ်ကနဲ ခုန်သွားနိုင်စေတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီ Object Snaps တွေက Command Line မှာတိုက်ရိုက်သုံးလို့မရဘူးနော်။ Command တခုခုအောက်မှာ အထောက်အကူပြုအနေနဲ့ပဲ သုံးလို့ရတာပါ။ ဒါတွေကတော့ Endpoint, Midpoint, Center, Node, Quadrant, Intersection, Extension, Insertion, Perpendicular, Tangent, Nearest, Apparent intersection နဲ့ Parallel တို့ပါပဲ။
1. Endpoint, 2. Midpoint, 3. Center point, 4. Quadrant
2D-05: Fig-01
ကျနော် အပေါ်ကပြထားတဲ့ ပုံကိုကြည့်ရင် Line တခု၊ Arc တခုမှာဆို Endpoints နှစ်ခုရှိနေမယ်။ အလယ်မှာ Midpoint တခုလဲရှိမယ်။ စက်ဝိုင်းတခုဆိုရင် အလယ်မှာ Center တခုနဲ့ Quadrants လေးခုရှိနေပါလိမ့်မယ်။ ဘာတွေရှိသလဲ ကြည့်ကြရအောင် . . . ။
Command Line: OSNAP (Enter)
Menu Bar: Tools > Drafting Settings > Object Snap Tab ဆိုဝင်လိုက်ရင် အောက်က Dafting Settings ဆိုတဲ့ Dialog Box ကိုတွေ့ရမှာပါ။ ဒါမှမဟုတ် Status Bar ပေါ်က OSNAP Button ပေါ်မှာ Right Click ပေးပြီး Setting . . . နဲ့ဝင်လဲ ရပါတယ်။
2D-05: Fig-02
ကျနော်တို့ အသုံးပြုလိုတဲ့ Object Snaps တွေကို ဒီ Dialog Box မှာ Check လုပ်ပြီးရွေးချယ်လိုက်ပါ။ ပြီးရင် ဘယ်ဖက် အပေါ်နားက Object Snap On (F3) ဆိုတာလေးလဲ Check လုပ်ဖို့ မမေ့ခဲ့နဲ့နော်။ မေ့ခဲ့ရင် F3 ကိုနှိပ်ပြီး ON/OFF လုပ်ရပါလိမ့်မယ်။ ON ထားရင် ကျနော်တို့ရွေးချယ်ထားတဲ့ Object Snaps တွေအကုန်သုံးနိုင်မှာဖြစ်ပြီး OFF ထားရင်တော့ တခုမှသုံးနိုင်မှာ မဟုတ်ပါဘူး။ လောဘတကြီးနဲ့ အကုန်လုံးလဲ မရွေးထားနဲ့နော်။ အသုံးဝင်တာမှန်ပေမယ့် တခါတလေမှာ မလိုလားအပ်တဲ့နေရာတွေ သွားသွား ဖမ်းနေလို့ စိတ်ညစ်ရတာလဲ ကြုံရပါလိမ့်မယ်။
Object Snap Tracking On (F11) ကိုယူထားမှလည်း ကျနော်တို့ရဲ့ Object Snaps တွေကနေ ခြေရာခံလို့ရပါလိမ့်မယ်။
2D-05: Fig-03
Object Snap Toolbar ကိုဖွင့်ထားရင်တော့ Buttons တွေပေါ် Mouse Pointer တင်လိုက်ရင် Tool-tips တွေထွက်လာလို့ ဘယ်ဟာက ဘာလုပ်တယ်ဆိုတာ သိနိုင်ပါတယ်။ နောက်တော့လဲ ရင်းနှီးသွားရင် အလွတ်ရသွားမှာပါပဲ။
အရင် Versions အနိမ့်တွေတုန်းကတော့ Command Line မှာပဲ ရိုက်ထဲ့ရပါတယ်။ နောက်ပိုင်း Versions တွေမှာတော့ တခါတည်း တန်းပြီး Drafting Settings Dialog Box ထဲတန်းရောက်သွားတာပါ။ Version အမြင့်နဲ့ Command Line သုံးချင်သပဆိုရင်တော့ အခုလိုသုံးကြည့်ပါ။
Command: -OSNAP (Enter)
Current osnap modes: End,Cen,Node,Quad,Int,Ins,Perp,Tan,Ext,Par
ဆိုပြီး လက်ရှိ ON ထားတဲ့ Object Snap Modes တွေကို မြင်ရပါလိမ့်မယ်။
Enter list of object snap modes: မှာကိုယ်ထပ်တိုးလိုတဲ့ Modes တွေရဲ့ First 3 Characters ကို Comma (,) ခံပြီး တန်းစီ ရိုက်ထဲ့လိုက်လို့ ရပါတယ်။ ဥပမာ - Endpoint, Quadrant, Tangent ကိုလိုချင်ရင် end,qua,tan လို့ရိုက်လိုက်ရင် ရပြီပေါ့။ ထူးခြားတာကတော့ Mid Between 2 Points ကိုလိုချင်ရင် M2P လို့ရိုက်ရပါတယ်။
-OSNAP မဟုတ်တဲ့ Command တခုခုရဲ့အောက်မှာ ရိုက်ပြီးသုံးတာက ခဏတာ Overwrite လုပ်ပြီးသုံးတာပါ။ တကြိမ်ပဲ သုံးလို့ ရလိမ့်မယ်။ ဒီလိုရိုက်ပြီးသုံးရတာ အဆင်မပြေဘူးတဲ့လား။ Drawing Area ထဲမှာ Shift + Right Click ကိုသုံးရင် အောက်မှာ ဖော်ပြထားသလို Object Snaps Short-cut List လေးပေါ်လာမှာပါ။ အဲဒီအထဲကမှ ကိုယ်အလိုရှိတာကို Click လုပ်ပြီး ရွေးချယ် သုံးလဲ ရပါတယ်။
2D-05: Fig-04
ပုံမှာမြင်နေရသလို Object Snaps တွေကိုဖော်ပြတာဟာ တခုနဲ့တခု မတူတာကို သတိထားမိပါလိမ့်မယ်။ အောက်ကပုံလေးတွေကို လေ့လာကြည့်ပါ။
2D-05: Fig-05
Endpoint ဆိုတာ Arc, Elliptical Arc, Line, Multiline, Polyline segment, Spline, Region, Ray, Trace, Solid, 3D face တွေမှာ ရှိနိုင်ပါတယ်။ Ends ကနှစ်ဘက်ရှိတတ်တာကြောင့် ကျနော်တို့ Object ရဲ့ Midpoint ကနေ Mouse Pointer နဲ့အနီးဆုံး End ကိုဖမ်း ပေးမှာပါ။
2D-05: Fig-06
Midpoint ကတော့ Arc, Elliptical Arc, Line, Multiline, Polyline segment, Region, Solid, Spline, xline တို့မှာ ရှိပါတယ်။ တခုတည်းဆိုတော့ ဘာမှပြဿနာမရှိပါဘူး။
2D-05: Fig-07
Intersection ကိုတော့ နောက်မုာဖော်ပြထားတဲ့ Objects နှစ်ခု တခုကိုတခုကဖြတ်သွားရင် တွေ့ရမှာပါ။ Arc, Circle, Ellipse, Elliptical Arc, Line, Multiline, Polyline, Ray, Region, Spline, Xline တို့ပဲဖြစ်ပါတယ်။
2D-05: Fig-08
Extension ကတော့ End တဘက်ကနေ Mouse Pointer ကိုတင်ပြီးဖြည်းဖြည်းချင်းဆွဲလာရင် Extension Line ကို Dotted Line နဲ့ မြင်လာရမယ်။ End ရဲ့အပြင်ဘက်မှာဖြစ်ဖြစ်၊ အတွင်းဘက်မှာဖြစ်ဖြစ် Extension Line ပေါ်က အမှတ်တခုကို ဖမ်းမှာပါ။
2D-05: Fig-09
Center ကိုတော့ Circles, Arcs, Ellipses တွေမှာ သုံးပါလိမ့်မယ်။ Center ကိုအတင်းမကပ်ပဲ “စက်ဝန်း”ပေါ်တင်လိုက်လဲ ရပါတယ်။
2D-05: Fig-10
Quadrant ကို Circle, Arc, Ellipse တွေမှာပဲ ရှာတွေ့နိုင်၊ သုံးနိုင်ပါလိမ့်မယ်။
2D-05: Fig-11
Tangent ဆိုတာ Circle, Arc, Ellipse, Elliptical Arc, Polyline Arc Segment,Spline တွေပေါ်ကို တနေရာက Line တခုလာပြီး Tangent ထိအောင်ဆွဲတဲ့အခါမှာ သုံးပါတယ်။ ပြင်ပအမှတ်တခုကနေဆွဲလို့ တခါတလေမှာ နှစ်နေရာ Tangent ဖြစ်နိုင်တာရှိတတ်လို့ သတိထားပြီး ဖမ်းစေချင်ပါတယ်။ ဒီ Osnap ကိုပထမဆုံး “စ”သုံးလို့မရဘူးနော်။
2D-05: Fig-12
Perpendicular ကတော့ ထောင့်မှန်ကျနိုင်တဲ့ Arc, Circle, Ellipse, Elliptical Arc, Line, Multiline, Polyline, Ray, Region, Solid, Spline, Xline တွေမှာ အသုံးပြုနိုင်ပါတယ်။
2D-05: Fig-13
Parallel ကိုတော့ အပြိုင်ဆွဲဖို့ သုံးပေမယ့် ကျနော်တော့ Offset Command ကိုပိုသုံးဖြစ်ပါတယ်။
2D-05: Fig-14
Node ကတော့ Point, Dimension Definition Point, Dimension Text Origin တွေမှာ ဖမ်းလို့ရပါလိမ့်မယ်။
2D-05: Fig-15
Insertion ကိုတော့ Attribute, Block, Shape, Text တွေမှာသုံးနိုင်ပါတယ်။
2D-05: Fig-16
Nearest ဆိုတာ Arc, Circle, Ellipse, Elliptical Arc, Line, Multiline, Point, Polyline, Ray, Spline, Xline တွေပေါ်မှာ ဖမ်းလို့ရပါတယ်။ အားလုံးထဲမှာ တိကျမှုမရှိဆုံးလို့ ပြောလို့ရပေမယ့် အောက်မှာဖော်ပြထားသလို Cross-hair ရဲ့ Intersection Point ကနေ Object ပေါ်ကို Perpendicular ချပြီး Point ကိုဖမ်းပေးလို့ အများကြီး နီးစပ်တယ်လို့တော့ ပြောနိုင်ပါတယ်ခင်ဗျား။ ဆိုတော့ ဒါကိုသုံးမယ်ဆိုရင် Object နဲ့ကပ်နိုင်သမျှကပ်တာ အကောင်းဆုံးပါ။
(Cross-hair ရဲ့ အလယ်မှာ ရှိတဲ့ Box လေးကို Aperture Box လို့ခေါ်ပြီး Object တခုခုကို Select လုပ်မယ့်အခါ Cross-hair ပျောက်သွားပြီး မြင်နေရတဲ့ Box ကိုတော့ Pick Box လို့ခေါ်ပါတယ်။)
2D-05: Fig-17
2D-05: Fig-18
Extended Intersection ဆိုတာက တခုနဲ့တခု တကယ်ဖြတ်ကြတာ မဟုတ်ပဲ ဆက်ဆွဲမှ ဆုံနိုင်မယ့် Intersection ဖြစ်ပါတယ်။ ခင်ဗျား စိတ်ရှည်သည်းခံပြီး ဒီ Osnap ကိုဖမ်းရလိမ့်မယ်။ ကျနော် ပုံမှာပြထားသလို Line တခုရဲ့ End ကနေ ဖြည်းဖြည်းလေးဆွဲလာ။ Dotted Line နဲ့ Extension ပေါ်လာမှ နောက်တလိုင်းရဲ့ End ကနေ Extension Line ကိုထပ်ဆွဲလာ။ ပထမ Dotted Line ပျောက်သွားလို့ စိတ်မပူနဲ့။ AutoCAD ကမှတ်ထားတယ်။ အဲဒီ Dotted Lines နှစ်ခုဆုံနိုင်တဲ့နေရာရောက်ရင် နှစ်လိုင်းလုံးလဲ မြင်ရမယ်။ Intersection Point လေးလဲ မြင်ရမှ Click လိုက်တော့။ ဟူး . . . အဆင်မသင့်ရင် နှလုံးရောဂါ ရနိုင်တယ်ဗျ။
2D-05: Fig-19
Apparent Intersection ကိုတော့ 3D ဆွဲတဲ့အခါမှာ သုံးပါတယ်။ Plane မတူတဲ့ Objects တွေ တကယ်မဖြတ်ပဲ ဖြတ်သယောင်ရှိတဲ့ Point ကိုဖမ်းတာပါ။ ဒီ Feature ပါလာကတည်းက ကျနော်ဖမ်းတာ အခုထိ လိုချင်သလို ဘယ်တော့မှ မမိလို့ ကျနော်တော့ မသုံးဘူး ဆိုတာ ၀န်ခံပါရစေ။ ခင်ဗျားကြိုးစားကြည့်ရင်တော့ ကြည့်ဗျာ။ Extended Intersection ထက်နှလုံးရောဂါ ပိုရနိုင်ပါတယ်။
Mid Between 2 Points ကတော့ အပေါ်က Osnaps တွေသုံးပြီး ဖမ်းလို့ရတဲ့ Points နှစ်ခုကြားက Midpoint ကိုဖမ်းတာပါ။
From ကတော့ Extension Line ပေါ်ကမဟုတ်ပဲ Point တခုကနေ ရည်ညွှန်းပြီး ဖမ်းတဲ့အခါ သုံးပါတယ်။
အခုလောက်ဆို Object Snaps တွေအကြောင်း တော်တော်လေးသိပြီး အသုံးချနိုင်လိမ့်မယ် ထင်ပါတယ်။ ဒါတွေကို လေ့လာထား၊ သိထားတော့ နောက်ကျနော်တင်မယ့် Posts တွေကို ကျနော်နဲ့အတူတူ လိုက်လုပ်နိုင်မှာပါ။
“အားလုံးကျန်းမာရွှင်လန်းပါစေ” ခင်ဗျား . . . ။