ကျနော့်စေတနာနဲ့ဆန္ဒ

မင်္ဂလာပါခင်ဗျား . . . ကျနော် AutoCAD နဲ့ ပတ်သက်လို့ ပြောဆိုဆွေးနွေးမှုလေးတွေ လုပ်ချင်ပါတယ်။ ကျနော်ပြောချင်တာက ဖြစ်နိုင်ရင် CAD Software တွေ တော်တော်များများအကြောင်း ဆွေးနွေးချင်ပါတယ်။ ဗဟုသုတလေးတွေ၊ အတွေ့အကြုံလေးတွေ ဝေမျှစေချင်တာပါ။ ကျနော့်မှာ ရှိတာကတော့ AutoCAD အတွေ့အကြုံတွေပါ။ မိတ်ဆွေတို့ သိချင်တာ၊ မေးချင်တာလေးတွေရှိရင် ကျနော်သိတာ၊ တတ်တာလေးတွေကို ပြောပြချင်ပါတယ်။ အကြောင်းပြန်တာ နောက်ကျရင်တော့ နားလည်ခွင့်လွှတ်ပေးစေချင်ပါတယ်။ နိုင်ငံအသီးသီး၊ နယ်ပယ်အသီးသီးမှာ AutoCAD နဲ့အလုပ်လုပ်နေကြတဲ့ ကျနော်တို့ မြန်မာနိုင်ငံသူ၊ နိုင်ငံသားအပေါင်းအတွက် ကျနော်တတ်နိုင်တာလေးကို ဖြည့်ဆည်း ပေးချင်တာပါ။ နောင်ကိုလဲ AutoCAD နဲ့ ပတ်သက်တဲ့ သင်ခန်းစာလေးတွေ၊ ဆောင်းပါးလေးတွေ၊ AutoCAD eBooks တွေ၊ Engineering eBooks တွေ ကို တတ်နိုင်သလောက် တင်ပေးသွားပါ့မယ် . . .

လေးစားစွာဖြင့်
WISE GUY
(wiseguy.edu@gmail.com)

Sunday, November 13, 2011

2D-08: Basic Drawing Commands (Arc, Ellipse, Donut)

ဒီတခါတော့ ကျန်နေသေးတဲ Basic Drawing Commands လေးတွေ နည်းနည်းဆက်ပြောပါ့မယ်။ တကယ်က ပုံတွေဆွဲနိုင်ဖို့ အခြေခံကျတဲ့ Basic Drawing Commands တွေ တဆက်တည်း ပြောချင်ပေမယ့် အခြေအနေအရ၊ ကျနော့်ရဲ့ ညံ့ဖျင်းမှုအရ တခါတည်း မပြောနိုင်ခဲ့ဘူး။


အခြေခံတွေဆွဲနိုင်ပြီဆိုရင် Modify Commands တွေဆက်ပြီး လေ့လာသွားကြမယ်။ ဒါမှ စာဖတ်သူတွေ Professional level ကို ရောက်နိုင်တော့မှာပါ။ ကျနော့်ဆောင်းပါးတွေကို လေ့လာလို့လွယ်ကူအောင် စီစဉ်ထားပါတယ်။ ကျနော်နဲ့အတူတူ လိုက်လုပ်၊ လိုက်ဆွဲရင် ရသွားမှာပါ။ တခုပဲ ရှိတယ်။ ဘာလဲဆိုတော့ စိတ်ရှည်ဖို့ပါ။ ကျနော့်စာတွေ စောင့်ဖတ်ဖို့က တော်တော်လေး စိတ်ရှည်ရမယ်။ ခွင့်လွှတ်ပါဗျာ။ ကျနော်လည်း တထိုင်တည်း Posts တွေ ဆက်တိုက်တင်ချင်တာပေါ့။ ဒါပေမယ့် မန်းမန်းစားဖို့ အလုပ်ကလည်း လုပ်နေရတယ်။ ပြီးတော့ နည်းပညာဆောင်းပါးဆိုတော့ တော်တော်လေး တာဝန်ကြီးပါတယ်။ အမှားမရှိလို့ ချီးကျူးမခံရပေမယ့် နည်းနည်းလေးမှားရင် ၀ိုင်း“ပေး”ကြမှာ အသေအချာပါပဲ။ ဒါတွေကို တာဝန်မယူရဲလို့ မဟုတ်ပေမယ့် အမှားမပါစေချင်တာ၊ “အလို” မရှိစေချင်တာ ကျနော့်စေတနာပါ။

စာရေးနေတုန်း တဖက်က AutoCAD ထဲမှာ ကျနော်ကိုယ်တိုင်လည်း လိုက်ဆွဲကြည့်နေရတယ်။ ကျနော်ပြောတာ၊ ရေးတာ၊ ရှင်းပြတာ ဟုတ်သလား၊ မဟုတ်သလား ဆိုတာကိုလေ။ ဘာနားလည်ရခက်မလဲ၊ ဘာအဆင်မပြေဖြစ်နိုင်သလဲပါ တလက်စတည်း စဉ်းစားရင်းပေါ့။ လိုအပ်တဲ့ ပုံတွေ Capture ဖမ်းရတယ်။ ပြီးတော့ Photoshop ထဲမှာလိုသလို ပြင်ဆင်ရတယ်။ နဂိုကတည်းက စာရိုက်တာ လက်အနေအထား အမှန်မရိုက်တတ်ရတဲ့အထဲ Word မှာ မြန်မာလို ရိုက်ရတယ်။ ပြီးတော့ Windows Live Writer ထဲထည့်။ ပြီးမှ Blog ထဲကို Publish လုပ်ရတယ်။ ပြီးရင် Blog ထဲမှာ လိုသလို Edit လုပ်နဲ့ တော်တော် အချိန်ပေးရတဲ့အတွက် ကျနော့်ရဲ့ အားထုတ်မှုကို ကြိုးစားနားလည်ပေးစေချင်ပါတယ် ခင်ဗျား . . . ။

ကဲ အလွမ်းသည်တာ နည်းနည်းများရှည်နေမလားလို့။ နည်းပညာဘက် ပြန်သွားလိုက်ရအောင် . . . ။

Arc Command

အခြေအနေအရ လိုအပ်တဲ့နေရာတွေမှာ Arc တွေဆွဲနိုင်ဖို့ လေ့လာကြရအောင် . . . ။

သချာင်္သဘောအရ မျဉ်းတဖြောင့်တည်းမကျတဲ့ အမှတ် သုံးခုရှိရင် Arc တခုဆွဲနိုင်ပါတယ်။ AutoCAD ကဒါတွေတင်မက Options သုံးခုရှိရင် Arc တခုဆွဲနိုင်ဖို့ ဖန်တီးပေးထားပါတယ်။ အဲဒါတွေကတော့ . . .

3 Points

Start, Center, End

Start, Center, Angle

Start, Center, Length

Start, End, Angle

Start, End, Direction

Start, End, Radius

Center, Start, End

Center, Start, Angle

Center, Start, Length

Continue တို့ပါပဲ။

ဒီနေရာမှာ 3 Points ကမျဉ်းတဖြောင့်တည်း မကျရဘူးနော်။ Angle ဆိုတာက Included Angle (ဗဟိုခံဆောင်ထောင့်) ကို၊ Length ဆိုတာ Chord Length (လေးကြိုးမျဉ်းရဲ့အလျား) ကိုဆိုလိုတာပါ။ Direction ကတော့ Start Point မှာဆွဲတဲ့ Tangent ရဲ့ Direction ကို ပြောချင်တာပါ။ ရှေ့မှာ Arc Command သုံးပြီး Arc(s) ဆွဲထားပြီးရင် Continue နဲ့ Arc(s) တွေ လိုသလို ဆက်ဆွဲနိုင် ပါသေးတယ်။

Options - ၃ခုဆိုပေမယ့် အပေါ်မှာဖော်ပြထားတဲ့ အတွဲအတိုင်းပဲ ရမှာနော်။ ခင်ဗျား စိတ်ထင်သလိုတွေ စွတ်တွဲပြီး ဆွဲတာတော့ AutoCAD ကဘယ်နားလည်ရှာနိုင်မလဲလေ။ Menu, Toolbar, Ribbon သုံးတဲ့သူတွေက သတိထားစရာ မလိုပေမယ့် Command Line သုံးသူတွေ အဆင်ပြေနိုင်ဖို့ ကျနော် Options အတွဲလေးတွေ အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။ အတွဲမတတ်ရင် သိတယ်ဟုတ် . . . ။

Arc Options 03

2D-08: Fig-01 - Arc Options

terminology of arc 02

2D-08: Fig-02 - Terminology of Arc

arc options 02

2D-08: Fig-03 - Arc Options

Arc ဆွဲတဲ့အခါ Direction က Counter clockwise ဆိုတာလည်း သိထားသင့်ပါတယ်။ ကျနော်နောက်ပိုင်း Exercises တွေမှာကျရင် အလိုရှိသလို အသုံးချပုံတွေ တင်ပြသွားပါ့မယ်။ အခုတော့ Arc တွေကို ကျနော် အပေါ်မှာပြထားတဲ့ Options တွေလေ့လာပြီး စမ်းဆွဲကြည့်ထားပါ ခင်ဗျား . . . ။

Command Line: ARC (or) A <Enter>

arc menu

2D-08: Fig-04 - Menu Bar: Draw> Arc > Choose Option

arc toolbar

2D-08: Fig-05 - Toolbar: Draw Toolbar > Arc button

 

arc ribbon

2D-08: Fig-06 - Ribbon: Home Tab> Draw Panel > Arc

Ellipse Command

ပထမဆုံး Default အတိုင်းလိုက်လုပ်ကြည့်ရအောင်။

Command: ELLIPSE <Enter>

Specify axis endpoint of ellipse or [Arc/Center]: တနေရာရာမှာ Click တချက်ပေးလိုက်ပါ။

Specify other endpoint of axis: နောက်တနေရာမှာ Click တချက် ထပ်ပေးလိုက်ပါဦး။

Specify distance to other axis or [Rotation]: စောစောကပေးထားတဲ့ 2 Points ကြောင့် Axis တခုနဲ့ Ellipse Centre ကိုသိနေပြီ။ ဒီတခါတော့ သိပြီးသား Axis ကနေကွာဝေးမဲ့ အကွာအဝေးတခုကို ပေးရုံပါပဲ။

ellipse01

2D-08: Fig-07

နောက်တမျိုး စမ်းကြည့်ရအောင် . . .

Command: ELLIPSE <Enter>

Specify axis endpoint of ellipse or [Arc/Center]: c <Enter>

Specify center of ellipse: တနေရာကို Ellipse Centre အဖြစ် Click ပေးလိုက်ပါ။

Specify endpoint of axis: Axis တခုအတွက် End point အဖြစ် Click ပေးလိုက်ပါ။

Specify distance to other axis or [Rotation]: နောက် Axis အတွက် အကွာအဝေး တခုအဖြစ် Click တချက်ပေးလိုက်ပါ။

ellipse02

2D-08: Fig-08

Options နှစ်ခုဟာ နားလည်ဖို့ သိပ်မခက်တာကို သတိထားမိမှာပါ။ အခုတော့ Command ရယ်၊ Options တွေရယ် သိရုံလောက် အကြမ်းဆွဲကြည့်နေတာပါ။ အတိအကျ လိုချင်ရင်တော့ ရိုက်ထည့်ရပါလိမ့်မယ်။ ဒါကိုလဲ နောင် Exercises တွေမှာ ကျနော်ကြုံသလို ရှင်းပြပေးပါ့မယ်။ အပေါ်က နှစ်ခုစလုံးမှာ နောက်ဆုံးလိုင်းရဲ့ Option – [Rotation] ဆိုတာတွေ့မှာပါ။ ဒီ Option ကိုဆက်ဝင်ရင် -

Specify distance to other axis or [Rotation]: r <Enter>

Specify rotation around major axis: မှာ Angle တခုပေးရပါလိမ့်မယ်။ ဆိုလိုတာက ကျနော်တို့ ကြည့်နေတဲ့ Viewing Plain တနည်း Monitor မျက်နှာပြင်အတိုင်း ရှိနေတဲ့ Circle တခုကို လှည့်ကြည့်တာပါ။ ဆိုတော့ Ellipse ပုံဖြစ်တော့မယ်။ ပြီးတော့ ဆွဲပြီးသား Axis ထက်လည်း ဘယ်လိုမှ မကြီးနိုင်တော့လို့ AutoCAD က“အပိုင်” ရှိပြီးသား Axis ကို Major Axis လို့ပြောလိုက်တာ တွေ့မှာပါ။

90 Degree တော့ မဖြစ်နိုင်တာ မလုပ်ပါနဲ့နော်။ 90 Degree လှည့်လိုက်ရင် မျဉ်းကြောင်းတကြောင်းပဲ တွေ့ရမှာဆိုတော့ Ellipse လို့ ခေါ်လို့မရတော့ဘူးလေ။ ကျနော်အောက်ကပုံမှာ 30 Degree လှည့်ပြထားတာပါ။ စာဖတ်သူက View Point ကကြည့်ရင် Ellipse တခုလိုမြင်ရမှာပါ။ ဒါဟာ Ellipse ပဲနော်။ 3D လုံးဝမဟုတ်ပါဘူး။

rotation

2D-08: Fig-09 – Ellipse Command, Rotation Option

ရှေ့မှာ Arc အကြောင်းသိထားပြီးမှတော့ Elliptical Arc ဆိုတာ မခက်တော့ပါဘူး။

Command: Ellipse <Enter>

Specify axis endpoint of ellipse or [Arc/Center]: a <Enter>

Specify axis endpoint of elliptical arc or [Center]:

Specify other endpoint of axis:

Specify distance to other axis or [Rotation]:

ဒီအထိက အရင်အတိုင်းပါပဲ။ ဘာမှ မထူးခြားသေးဘူး။ ပြီးတော့မှ Elliptical Arc တခုအတွက် ကန့်သတ်ချက်တွေ ထပ်ပေးရမှာပါ။

Specify start angle or [Parameter]:

Specify end angle or [Parameter/Included angle]:

Centre ကပေးပြီးသားဆိုတော့ Start Angle နဲ့ End Angle ပေးရင် အလိုရှိသလို Elliptical Arc တခုဖြတ်ပေးမှာပါ။

ဒီလိုမှ မဟုတ်ရင် Elliptical Arc ရဲ့အနားအလျား (Parameter) ကို ပေးလည်း ရတယ်။ Included Angle ပေးလဲရပါတယ်။ ဒီမှာလည်း Counter Clockwise Direction ပဲနော်။ ဥာဏ်ရှိသလို သုံးပါလေလို့ပဲ ပြောပါရစေတော့ . . . ။

Command Line: ELLIPSE (or) EL <Enter>

ellipse menu

2D-08: Fig-10 - Menu Bar: Draw> Ellipse > Choose Option

clip_image022

2D-08: Fig-11 - Toolbar: Draw Toolbar > Ellipse button

Elliptical Arc ကဘေးမှာတင်နော် . . . ။

clip_image024

2D-08: Fig-12 - Ribbon: Home Tab> Draw Panel > Ellipse

Donut Command

Command အကြောင်းပြောမလို့နော်။ ပါးစပ်ကြီး ဟမလာနဲ့ဦး။ စားစရာ မဟုတ်ဘူး။ ဆွဲစရာနော် . . . ။

Command: DONUT <Enter>

Specify inside diameter of donut <0.5000>: Default အတိုင်းပဲ ယူဖို့ Enter ခေါက်လိုက်ပါ။

Specify outside diameter of donut <1.0000>: Enter ပဲခေါက်ပြီး လက်ခံလိုက်ပါ။

Specify center of donut or <exit>: Centre အတွက် ကြိုက်ရာတနေရာမှာ Click ပေးပြီး နေရာချလိုက်ပါ။

Specify center of donut or <exit>:

အလိုရှိသလောက် နေရာချပြီး မလိုတော့ရင် Enter or ESC သုံးပြီးထွက်လိုက်ပါ။

Inside & Outside Diameters တွေကို ကြိုက်သလို ပေးနိုင်ပါတယ်။ Inside Diameter = Zero ဆိုရင် Solid Circle တခုရမှာပါ။ တခါတလေမှာ အသုံးဝင်ပါတယ်။ လိုအပ်ချက်အရ Solid Circle တခုကို Donut ဒါမှမဟုတ် Circle ကို Solid Hatch Fill ပေးပြီးသုံးပါခင်ဗျား။ Circle ကို Hatch Scale စိပ်စိပ်ပေးတာဟာ မလိုလားအပ်တာတွေ ဖြစ်လာနိုင်ပါတယ်။

Command: DONUT (or) DOUGHNUT (or) DO <Enter>

donut menu

2D-08: Fig-13 - Menu Bar: Draw> Donut

dnout ribbon

2D-08: Fig-14 - Ribbon: Home Tab> Draw Panel> Donut

Toolbar ပေါ်မှာ မရှိပါခင်ဗျား . . . ။

ကဲ . . . ဒီလောက်ဆို ARC, ELLIPSE, DONUT တွေ လေ့လာလို့ ရလောက်ပြီ ထင်ပါတယ်။ ကျန်နေသေးတဲ့ Drawing Commands တွေကို အဆင်ပြေသလို ပြောရင်းနဲ့ Modify Commands တွေဘက်ပါ နောက်ပိုင်းမှာ ဆက်သွားကြရအောင်နော် . . . ။

“အားလုံးကျန်းမာရွှင်လန်းပါစေ” ခင်ဗျား . . . ။

Read More...

Tuesday, November 8, 2011

2D-07: AutoCAD ရဲ့ Display ကို အလိုရှိသလို အသုံးပြုပုံ (Zoom & Pan)

AutoCAD ကိုအသုံးပြုပြီး ပုံတွေကို ဆွဲတဲ့အခါ ကိုယ်အလိုရှိသလို Display ကို ထိန်းသိမ်းနိုင်ဖို့ လိုအပ်လှပါတယ်။ ဒီဆောင်းပါးလေးမှာ ဘယ်လိုကိုင်တွယ်မလဲဆိုတာ ကျနော်ရှင်းပြပါ့မယ်။


ကျနော်နဲ့အတူတူ ဆက်လေ့လာနိုင်ဖို့ DisplayControl2004.DWG ဆိုတဲ့ File ကို Download ချပြီးဖွင့်လိုက်ပါ။

ZOOM Command

Command: ZOOM <Enter>

Specify corner of window, enter a scale factor (nX or nXP), or

[All/Center/Dynamic/Extents/Previous/Scale/Window/Object] <real time>: ဆိုတဲ့ Options တွေကို လေ့လာကြည့်ရအောင် . . .

All - ကျနော်တို့ရဲ့ Drawing တပုံလုံးကို ပြတဲ့အပြင် Limits Setting အကုန်ကိုလည်း ပြနေမှာပါ။ သိသာအောင် F7 နှိပ်ပြီး Grid ON လိုက်ရင် ပိုသိသာပါတယ်။

za

2D-07: Fig-01 – Zoom, All

Extents - ကတော့ Objects တွေကိုပဲ အဓိကထားပြပါလိမ့်မယ်။ ကျနော်တို့ Upper Limit (12,9) ကိုမမြင်ရတာ သတိထားမိမှာပါ။ အပေါ်ပုံက Zoom, All ဖြစ်ပြီး အောက်ပုံကတော့ Zoom, Extents ဖြစ်ပါတယ်။

ze

2D-07: Fig-02 – Zoom, Extents

Center – ကိုယူရင် Specify center point: “စ”တောင်းပါလိမ့်မယ်။ ကျနော်တို့ ကြည့်လိုတဲ့ ဧရိယာရဲ့ Centre ကို Click ပေးလိုက်ပါ။ ပြီးရင် Enter magnification or height <0.0000>: ဆိုတာ စောစောက ပေးလိုက်တဲ့ Centre Point ရဲ့ Vertical အတိုင်း အပေါ်   တ၀က်၊ အောက်တ၀က် ကြည့်လိုတဲ့ အကွာအဝေးကို ပေးရမှာပါ။ အောက်ကပုံမှာ ကျနော်က Circle ရဲ့ Centre ကို Centre ပေးပြီး Height ကို 3 ပေးထားတာပါ။

zc

2D-07: Fig-03 – Zoom, Center

Dynamic – ကို“စ”၀င်လိုက်တာနဲ့ အောက်မှာပြထားသလို တွေ့ရပါလိမ့်မယ်။ အစိမ်းရောင် ဘောင်ခတ်ပြထားတာက လက်ရှိမြင်နေရတဲ့ ဧရိယာဖြစ်ပြီး အပြာရောင်ဘောင်ခတ်ပြထားတာက Zoom, All ယူရင် မြင်ရမယ့် ဧရိယာပါ။ အလယ်က ကြက်ခြေခတ်လေးက Zoom Centre ပါ။

zd01

2D-07: Fig-04

Mouse ကို Click တချက်ပေးလိုက်တာနဲ့ Mouse Pointer ဟာ မြှားလေးပုံ ပြောင်းသွားပြီး ကြည့်လို့တဲ့ ဧရိယာ အကျဉ်းအကျယ်ကို Mouse ရွေ့ပြီး ရွေးနိုင်ပါတယ်။

zd02

2D-07: Fig-05

zd03

2D-07: Fig-06

အလိုရှိသလိုရရင် Clcik ထပ်ပေးလိုက်ပါ။ တခါပြန်ပြီး ကြည့်လိုတဲ့ ဧရိယာရဲ့ Centre ကိုပြန်ရွေးခွင့်ပေးပါတယ်။

zd04

2D-07: Fig-07

ဒီလိုနဲ့ပဲ ကြည့်လိုတဲ့ ဧရိယာအကျဉ်းအကျယ်၊ Centre ကို စိတ်ကြိုက်ချိန်ပြီးရင် Enter ပဲခေါက်ခေါက်၊ Right Click, Enter ပဲဝင်ဝင် ရပါပြီ။

Previous - စောစောက ကြည့်ပြီးသား Zoom Setting ကိုပြန်ရွေးတာပါ။

Wndow - ကြည့်လိုတဲ့ ဧရိယာကို ဘောင်ခတ်ပြီး ကြည့်တာပါ။

Object - ကိုယ်ကြည့်လိုတဲ့ Object(s) တွေကို ရွေးပြီး Zoom ကြည့်တာပါ။

<real time> - က Default Setting ပါ။ Scale, nX, nXP နဲ့အတူတူပါပဲ။

0.25 က 25%၊ 0.5 က 50%၊ 1 က 100%၊ 2 က 200%၊ . . . စသဖြင့် Scale ကို လိုသလိုချုံ့၊ ချဲ့ ကြည့်နိုင်ပါတယ်။

အနောက်မှာ “x” ထဲ့ရိုက်ရင်တော့ လက်ရှိမြင်ကွင်းရဲ့ အဆ ဖြစ်ပါတယ်။

Zoom <Enter> 2 <Enter> ကိုအကြိမ်ကြိမ်ရိုက်ရင် ပထမဆုံးတကြိမ်ပဲ ပြောင်းပြီး မပြောင်းတော့ပေမယ့်

Zoom <Enter> 2x <Enter> ကိုအကြိမ်ကြိမ်ရိုက်ရင် ပြောင်းပြောင်းသွားတာ သတိထားမိရင် ကွာခြားချက်ကို နားလည်မှာပါ။

nXP - ကတော့ Paper Space ရဲ့ အဆဖြစ်ပါတယ်။

Direct use of mouse

နောက်ပိုင်း Versions တွေမှာလွယ်လွယ် သုံးလို့ရလာပါတယ်။ Wheel ပါတဲ့ Mouse ဆိုရင် Wheel ကိုလှိမ့်ပြီး Zoom In, Zoom Out လုပ်လို့ရပါတယ်။

Wheel ကို Double Click နှိပ်ရင် Zoom, Extents ပါခင်ဗျား။

ဒီကနေ့ခေတ်မှာ Wheel မပါတဲ့ Mouse ကိုင်ရရင် လက်ကျိုးနေသလိုလို၊ တခုခုနဲ့ပဲ တုပ်နှောင်ခံထားရသလို ဖြစ်တဲ့အထိ အသုံးဝင် နေပါတယ်လေ။

ကျနော်က Command Line အဓိကထားပြောပေမယ့် စာဖတ်သူက Menu, Toolbar, Ribbon သန်သလို အသုံးပြုနိုင်ပါတယ် . . . ။

menu

2D-07: Fig-08 - Zoom Menu

toolbar

2D-07: Fig-09 - Zoom Toolbar

ribbon

2D-07: Fig-10 - Zoom Ribbon

PAN Command

ကျနော်တို့က ပုံဆွဲနေရင်း Zoom ကိုတော့မပြောင်းလိုဘူး။ ဒါပေမယ့် စာရွက်တရွက်ကို ထက်အောက်ဘယ်ညာ ဆွဲကြည့်ချင်သလိုမျိုးဆိုရင် PAN Command ကိုသုံးပါတယ်။

Command: PAN <Enter>

Press ESC or ENTER to exit, or right-click to display shortcut menu.

လို့ Command Prompt မှာ တွေ့နေရမှာပါ။ Mouse Pointer ကတော့ Grabber Hand လို့ခေါ်တဲ့ လက်ဝါးပုံလေး ပြောင်းသွားတာ တွေ့ရပါလိမ့်မယ်။ ကိုယ်အလိုရှိသလို ဆွဲရွေ့ပြီးရင် Enter ပဲခေါက်ခေါက်၊ ESC ပဲနှိပ်နှိပ်၊ Right Click နှိပ်ပြီး Short-cut menu ပေါ်က Enter ပဲသုံးသုံး Pan Mode ထဲက ထွက်နိုင်ပါတယ်။

Direct use of mouse

Wheel ပါတဲ့ Mouse နဲ့ Wheel ကိုဖိပြီး ဆွဲရွေ့ရင်လဲ Pan ပါပဲခင်ဗျား။ Wheel ကိုလွှတ်လိုက်တာနဲ့ Pan mode ထဲက ထွက်ပါပြီ။

Standard Toolbar ပေါ်မှာ Pan button ရှိပါတယ်။ လက်ဝါးပုံလေးပါ။

pan toolbar

2D-07: Fig-11 – Pan Toolbar

Menu ကတော့ အသေးတောင် စိတ်လွန်းပါတယ်။

pan menu

2D-07: Fig-12 – Pan Menu

Ribbon ပေါ်ကလည်း သုံးလို့ရပါတယ်။

pan ribbon

2D-07: Fig-13 – Pan Ribbon

ကဲ ဒီလောက်ဆိုရင် အလိုရှိသလို Display ကိုအသုံးပြုနိုင်ပြီလို့ ထင်ပါတယ်။

“အားလုံးကျန်းမာရွှင်လန်းပါစေ” ခင်ဗျား . . . ။

Read More...

Monday, November 7, 2011

2D-06: သိထားသင့်သော Selection Methods များ

ကျနော်တို့က ပုံတွေဆွဲတဲ့အခါ မလွဲမသွေ Modify လုပ်ဖို့ လိုအပ်လာမှာပါ။ ဘာကိုပဲ Modify လုပ်ချင်ချင်၊ ဘယ်လိုပဲလုပ်ချင်ချင် အရင်ဆုံး Selection လုပ်ဖို့ လိုအပ်ပါတယ်။ ကိုယ်အလိုရှိတာကို မှန်မှန်ကန်ကန် ရွေးချယ်နိုင်ဖို့အတွက် ကျနော် အခု Selection Methods တွေအကြောင်းရှင်းပြပါ့မယ်။


ပထမဆုံး Selection Methods တွေ ဘာတွေရှိသလဲ သိနိုင်ဖို့ “စ”လေ့လာရအောင် . . . ။

Command: SELECT <Enter>

Select objects: ? <Enter>

*Invalid selection*

Expects a point or

Window/Last/Crossing/BOX/ALL/Fence/WPolygon/CPolygon/Group/Add/Remove/Multiple/Previous/Undo/AUto/

SIngle/SUbobject/Object

Select objects: <Enter>

အောက်က Command Area က Default အတိုင်းဆို သုံးကြောင်းတည်းဆိုတော့ မမြင်ရရင် F2 နှိပ်ပြီး Text Screen ဘက်သွား လေ့လာကြည့်နိုင်ပါတယ်။ ကျနော်နဲ့အတူတူ လေ့လာရအောင် Selection 2004.DWG ဆိုတဲ့ဖိုင်လေးကို Dowload ချပြီးဖွင့်လိုက်ပါ။ အားလုံးအဆင်ပြေနိုင်အောင် ကျနော် Version 2004 ထိချပြီး သိမ်းပေးထားပါတယ်။

အခုဆိုရင် အောက်မှာဖော်ပြထားသလို တွေ့နေရပြီနော် . . . ။

clip_image002

2D-06: Fig-01

အခုမြင်နေရတဲ့ Drawing ထဲက Object(s) တွေကို Mouse Pointer လေး လိုက်တင်ကြည့်ပါ။ ဒီအခါမှာ Temporary Highlight နဲ့ ပြတာ တွေ့ရမှာပါ။ ဟိုး Versions အနိမ့်တွေတုန်းကတော့ အဲဒီလိုမမြင်ရပါဘူး။

ကြုံလို့ တလက်စတည်း ပြောရရင် . . .

ဘယ်ဘက်အောက်က အဖြူရောင် (အဖြူရောင်အောက်ခံဆို အမည်းပေါ့လေ) Lines ၂ခုက သီးခြား Object တခုချင်းအနေနဲ့တွေ့ရမှာပါ။ ဒါက LINE Command ကိုကျနော်သုံးပြီးဆွဲထားတာပါ။

အနီရောင် Rectangle ကတော့ အနားလေးဘက်စလုံး One Object တခုတည်းဖြစ်နေတာက RECTANGLE Command ကိုသုံးထားလို့ပါ။

အပြာရောင် ပဉ္စဂံလေးကလည်း POLYGON Command နဲ့ဆွဲထားလို့ တခုတည်း ဖြစ်နေပါတယ်။

ခရမ်းရောင်ကတော့ PLINE Command နဲ့ဆွဲထားတဲ့ Polyline တခုဖြစ်ပါတယ်။

ဘယ်ဘက်အပေါ်က အပြာရောင်ကြပ်ခြေခတ်လိုင်းနှစ်ခုကြားမှာ ပဉ္စဂံ၊ ထောင့်မှန်စတုဂံ၊ စက်ဝိုင်းတွေနဲ့ အားလုံးကို Object တခုတည်း တွေ့နေရတာက Block တခုဖြစ်လို့ ဖြစ်ပါတယ်။

ဒါကအကြမ်းဖျင်း Objects တွေအကြောင်း ရှင်းပြတာပါ။

Modify လုပ်ဖို့အတွက်တော့ တကယ်ဖြစ်ဖြစ်မြောက်မြောက် ရွေးပေးရတော့မှာနော်။

အလွယ်ဆုံးကတော့ Object တခုချင်း အလိုက် Click ပေးပြီး (Pick လုပ်ပြီး) ရွေးတာပါ။

ကျနော်တို့က ဘာ Command မှ မသုံးတဲ့အခါမှာ မြင်နေရတဲ့ Mouse Pointer လေးမှာ ကြက်ခြေခတ်လေးကို Cross-hair လို့ခေါ်ပြီး Square လေးကိုတော့ Aperture Box လို့ခေါ်ပါတယ်။

Command: SELECT <Enter>

ဆိုရင် Mouse Pointer မှာ Square တခုပဲတွေ့နေရတာကိုတော့ Pickbox လို့ခေါ်ပါတယ်။ (Terms တွေမသိပဲ ပြောဆိုဆွေးနွေးရင် အ“အ” အိမ်မက်မက်တာ ပြန်ပြောသလို ဖြစ်နေမှာ စိုးလို့ပါဗျာ။)

Select objects: မှာ ညာဘက်အလယ်က Line ရယ်၊ Rectangle, Circle တွေကို Pick လိုက်ပါ။

3 selections

2D-06: Fig-02

အခုဆိုရင် ကျနော် Click ပေးပြီး LINE, RECTANGLE, CIRCLE ကိုရွေးလိုက်တဲ့အတွက် Highlight နဲ့ပြတာတွေ့ရမယ်။ အပေါ်ပုံမှာ ဖော်ပြထားပါတယ်။ ပြီးတော့ Modify လုပ်နိုင်ဖို့ Grips အစက်လေးတွေလည်း တွေ့နေရမှာပါ။ Grips တွေကို ဘယ်လို ကိုင်တွယ်မလဲ ဆိုတာတော့ နောက်မှဆွေးနွေးပါ့မယ်။ ဒါအလွယ်ဆုံး ရွေးလိုက်တာပါ။ ဒီ Selection ကို Cancel လုပ်ဖို့ကတော့ ESC (Escape) Key ပါပဲ။

ကျနော်အောက်မှာ ရှင်းပြထားတဲ့ Options တွေကို လေ့လာပြီး SELECT Command သုံး၊ Options တွေဖြစ်တဲ့ Window/Last/Crossing/BOX/ALL/Fence/WPolygon/CPolygon/Group/Add/Remove/Multiple/Previous/Undo/AUto/SIngle/SUbobject/Object ကိုဆက်ဝင်ပါ။

Option(s) ကိုဆက်ဝင်ရင် Capital Letter နဲ့ပြထားတဲ့ စာလုံးတွေပဲ ရိုက်ဖို့လိုပါတယ်။ ၀ိဝါဒမကွဲရအောင် Add ကို “A” ပဲရိုက်ရပြီး All ကျတော့ “ALL” ရိုက်ရတာ သတိထားမိမှာပါ။ မကွဲပြားရင်လဲ AutoCAD ကပြန်မေးပါလိမ့်မယ်။ စိတ်မပူပါနဲ့လေ . . . ။ ရွေးကြည့်လိုက်၊ ESC နဲ့ပြန် Cancel လုပ်လိုက် စမ်းကြည့်ပါ။ ဘယ်လို Select လုပ်တယ်ဆိုတာ သဘောပေါက်သွားမှာပါ။ နောက်ပိုင်းမှာ ဘယ် Modify Commands တွေပဲသုံးသုံး Select objects: လို့တွေ့ရတိုင်း ဒါတွေအားလုံး သုံးလို့ရတယ်ဆိုတာ သတိချပ်စေချင်ပါတယ်။

Window - ကိုယ်ရွေးလိုတဲ့ Object(s) တွေကို ထောင့်ဖြတ် Rectangle လေးတခု ဘောင်ခတ်ရွေးတာပါ။ ကျနော်တို့ ရွေးလိုတဲ့ Object(s) တွေဟာ Rectangle ထဲမှာ “လုံးဝ” ကျရောက်နေရမယ်။

အောက်မှာ ပြထားတဲ့ပုံကို လေ့လာကြည့်ပါ။ Window Selection Box ဟာ Default အတိုင်းဆိုရင် အပြာရောင်သန်းပြီးတော့ ပတ်လည်အနားကိုကြည့်ရင် Continuous Line ဆိုတာ သတိထားမိမှာပါ။ အခုကျနော် ပြထားသလိုဆိုရင် 3 Lines ပဲ Box ထဲမှာ အကုန်ကျရောက်နေလို့ 3 Objects ပဲရွေးပါလိမ့်မယ်။

clip_image006

2D-06: Fig-03

Last – ကျနော်တို့ Drawing ထဲမှာ နောက်ဆုံးဖန်တီးခဲ့၊ ဆွဲခဲ့တဲ့၊ အခုလည်း မြင်နေရတဲ့ Object ကိုပြန်ရွေးတာပါ။ လက်ရှိ Space (Model or Paper) ထဲမှာလဲရှိရမယ်။ အဲဒီ Object ရှိနေတဲ့ Layer ဟာ Frozen, Off မလုပ်ထားဖို့လဲ လိုပါတယ်။

Crossing – Window နဲ့ သဘောချင်း ဆင်ပါတယ်။ မတူတာက ကျနော်တို့ ရွေးလိုတဲ့ Object(s) တွေဟာ Rectangle ထဲမှာ Window လို“လုံးဝ” ကျရောက်စရာမလိုပဲ တစိတ်တပိုင်း ကျရောက် နေလည်းရွေးပါတယ်။

အောက်မှာ ပြထားတဲ့ပုံကို လေ့လာကြည့်ပါ။ Crossing Selection Box ဟာ Default အတိုင်းဆိုရင် အစိမ်းရောင်သန်းပြီးတော့ ပတ်လည်အနားကိုကြည့်ရင် Hidden Line ဆိုတာ သတိထားမိမှာပါ။ အခုကျနော် ပြထားသလိုဆိုရင် 3 Lines ရယ်၊ Rectangle, Circle ရယ်က တပိုင်းတစ Box ထဲမှာ ကျရောက်နေလို့ 5 Objects ရွေးပါလိမ့်မယ်။

clip_image008

2D-06: Fig-04

BOX – ကတော့ Window နဲ့ Crossing ကိုရောသမမွှေထားတာပါ။ ထောင့်ဖြတ် ဘယ်ကနေညာကိုဆွဲရင် Window, ညာကနေဘယ်ကိုဆွဲရင် Crossing ပါပဲ။ (Direct use of mouse နဲ့ အတူတူပါပဲ။)

ALL – Model Space နဲ့ Current Layout Space ထဲမှာ ရှိသမျှ Object(s) တွေ အကုန်ရွေးမယ်။ ဒါပေမယ့် Frozen & Lock Layer ထဲက Object(s) တွေတော့ ပါမှာမဟုတ်ဘူးနော်။

Fence – ခြံစည်းရိုးလိုက်ခတ်ပြီး ရွေးတာပါ။ ကျနော်တို့ Fence Line နဲ့ ထိသမျှ Object(s) အကုန် ရွေးပါလိမ့်မယ်။

WPolygon – Window Polygon ပါ။ Window နဲ့သဘောချင်းတူပြီး ကျနော်တို့ ဘောင်ခတ်လိုက်တဲ့ Polgon ထဲ“လုံးဝ”ကျတဲ့   Object(s) တွေကို ရွေးပါ့မယ်။

CPolygon – Crosing Polygon ပါ။ Crossing နဲ့သဘောချင်းတူပြီး ကျနော်တို့ ဘောင်ခတ်လိုက်တဲ့ Polygon ထဲမှာ တခုလုံးကျရောက်တာတင်မက တစိတ်တပိုင်းကျတဲ့ Object(s) တွေပါ အပါရွေးလမ့်မယ်။

Group – စောစောကတည်းက Group(s) ဖွဲ့ထားပြီး အဲဒီ Group(s) နံမည်တွေနဲ့ ပြန်ရွေးတာပါ။ Group Selection ကိုပြရင် Rectangular Box လေးပါ ထည့်ပြတာ သတိထားမိမှာပါ။

Remove – ရွေးထားတဲ့ Selection Set ထဲက မလိုချင်တာကို ပြန်ဖယ်ထုတ်ဖို့ သုံးပါတယ်။

Add – Remove mode ထဲရောက်နေတဲ့အခါ Command Prompt မှာ Remove objects: လို့ပဲမြင်နေရမယ်။ Selction Set ထဲကို ထပ်ပေါင်းထည့်ချင်တဲ့အခါ Add နဲ့ ပြန်ဝင်မှ Select objects: လို့ပြန်မြင်ရပြီး ဆက်ရွေးနိုင်မှာပါ။ (Remove နဲ့ Add ကတွဲသုံးရမှာပါ။)

Multiple – ရွေးချယ်လိုက်တဲ့ Object(s) တခုချင်းကို Highlight နဲ့မပြတော့ပဲ ပြီးမှအားလုံးကို Highlight နဲ့ပြပါလိမ့်မယ်။ ရှုပ်ရှုပ်ထွေးထွေး၊ အရောရောအထွေးထွေးတွေ ရွေးချယ်ဖို့အတွက် အသုံးဝင်ပါတယ်။ Highlight မမြင်ရတော့ ရွေးနေချိန်မှာ အနှောင့်အယှက် ကင်းပါတယ်။

Previous – “နောက်ဆုံး” ရွေးဖူးခဲ့တဲ့ Selection Set ကိုပြန်ရွေးတာပါ။

Undo – “နောက်ဆုံး” လုပ်ခဲ့တဲ့ Action ကို Undo လုပ်တာပါ။

SIngle – Select လုပ်ရင် နောက်ထပ် Select လုပ်ဖို့ Select objects: လို့ Command Prompt Area မှာ ဆက်ပြီး ရွေးချယ်ခွင့် ပေးနေတာ Default ပါ။ ဒါကို မလိုချင်လို့ ကျနော်တို့က တခုတည်းရွေးချယ်ပြီး Modify လုပ်ချင်တဲ့အခါ သုံးပါတယ်။

SUbobject – 3D Solid တခုကို ရွေးတဲ့အခါ ကျနော်တို့ အလိုရှိတာဟာ Solid တခုလုံးလား၊ Face, Edge, Vertex လား ခွဲခွဲခြားခြားထပ်ရွေးနိုင်ဖို့အတွက် သုံးပါတယ်။

Object – Subobjet Mode ထဲကနေပြန်ထွက်ပြီး တခြား Select လုပ်ချင်တာတွေ လုပ်နိုင်ဖို့၊ တခြား Options တွေကို သုံးနိုင်ဖို့အတွက် ဖြစ်ပါတယ်။ (Remove နဲ့ Add လို SUbobject နဲ့ Object ကအတွဲမျိုးပါ။)

Direct use of mouse

အခုနောက်ပိုင်း Versions တွေမှာ ရတာလေး ပြောချင်ပါသေးတယ်။ ဘယ် Version က“စ”ရသလဲတော့ ကျနော်လဲ မမှတ်မိတော့ဘူးဗျာ။ တစုံတခုကို Select လုပ်ချင်ရင် Mouse ကို ညာကဘယ်ကို ထောင့်ဖြတ်ဆွဲရင် Window Selection, ဘယ်ကညာကို ထောင့်ဖြတ်ဆွဲရင် Crossing Selection ပါခင်ဗျား။ Selection Set ထဲက Remove လုပ်ချင်ရင် Shift+Click နဲ့ လုပ်နိုင်ကြောင်းလဲ ပြောပါရစေ။ ဒီလောက်လွယ်တာကို ဘာလို့ အပေါ်မှာ ဒီလောက်ရှင်းနေရသလဲ ဆိုတော့ အသုံးဝင်လို့ပေါ့ဗျာ . . . ။

ကဲ . . . ဒီလောက်ဆို ခင်ဗျားတို့ မှန်မှန်ကန်ကန်ရွေးချယ်နိုင်ပြီလို့ ထင်ပါတယ်။ AutoCAD မှာတင်မက ဘ၀တခုလုံးမှာပါ ရွေးချယ်မှု မှန်ကန်ကြပါစေလို့ ဆန္ဒပြုရင်း . . .

“အားလုံးကျန်းမာရွှင်လန်းပါစေ” ခင်ဗျား . . . ။

Read More...

Sunday, November 6, 2011

S-04: Internet Download Manager 6.07 Installer with Crack

IDM

ကျနော့်ကို တချို့တွေက ပြောလာကြပါတယ်။ IE နဲ့ပဲ Download ချစရာ ရှိလို့ချတာ အဆင်မပြေဘူးတဲ့လေ . . . ။

မထူးတော့ပါဘူးဗျာ။ ပို့မယ့်ပို့တော့လည်း အဆုံးထိပို့ပေးတာပဲ ကောင်းတာမှို့ ကျနော် Internet Download Manager 6.07 ကို တင်ပေးလိုက်ပါတယ်။ အောက်တိုဘာလ ၁-ရက်နေ့ကမှ ထွက်လာတဲ့ အသစ်စက်စက်လေးဆိုတော့ သဘောတွေ့ကြမယ် ထင်ပါတယ်။


Download ချရင် ကိုယ်ကြိုက်သလို စိတ်ပိုင်းပြီး တပြိုင်တည်းချပေးသလို (Default က ၈-ပိုင်း၊ အများဆုံး ၁၆ပိုင်း) အားလုံးပြီးရင်လဲ File ကိုပြန်ပေါင်းပေးပါတယ်။ မတော်လို့ Connection ပြတ်သွားလည်း ဘာမှပူစရာမရှိဘူး။ အဆင်ပြေတဲ့အချိန်မှာ ရောက်နေတဲ့နေရာကနေ ဆက်ပြီး Download ချဖို့ အဆင်ပြေပါတယ်။ နောက်ထပ် အားသာချက်တွေကိုတော့ ကိုယ့်ဖာသာပဲ လေ့လာကြည့်ကြပါတော့ . . . ။

Download Link : Internet Download Manager 6.07

“အားလုံးကျန်းမာရွှင်လန်းပါစေ” ခင်ဗျား . . . ။

Read More...

Saturday, November 5, 2011

T3D-02: ကြောင်လိမ်လှေခါး (3D Spiral Staircase) ဆွဲကြရအောင်

all 3d

T3D-02: Fig-01

တောင်းဆိုတာတွေ ရှိနေတဲ့အတွက် ကျနော် ကြောင်လိမ်လှေခါး (3D Spiral Staircase) ဆွဲဖို့ကို အခြေခံအကျဆုံးဖြစ်အောင် ကြိုးစားရေးထားပါတယ်။ လေ့လာကြည့်ပါ။ ဒီအပေါ်မှာအခြေခံပြီး ကိုယ်စိတ်ကူးရှိရင် ရှိသလို ထပ်ဖြည့်သွားလို့ ရမှာပါ။


ကျနော်ဆွဲမယ့် ကြောင်လိမ်လှေခါးရဲ့ အခြေခံလေးတွေကို အောက်မှာဖော်ပြထားပါတယ်။

clip_image002

T3D-02: Fig-02

လှေခါးတခုလုံးကို Radius = 4’ 6” နဲ့ အလယ်တိုင်ကို Outer Radius = 5”, Inner Radius = 3” ထားထားပါတယ်။ တိုင်အပိတ်ထားချင်လည်း အခြေခံရသွားပြီးတဲ့နောက် ဆွဲကြည့်နိုင်ပါတယ်။ လှေခါးထစ် ၁၅ထစ် ထားပါတယ်။ (မြန်မာလူမျိုးများက “စုံ”မထားကောင်းဘူးဆိုပဲ။ ကျနော်လည်း ဘာကြောင့်မှန်း မသိဘူးနော်။ လှေခါးဆံက အတွင်းဘက် ငိုက်ရင် အိမ်ရှင်ခိုက်တယ်။ အပြင်ဘက် ငိုက်ရင် လက်သမားခိုက်တယ် ဆိုတာကတော့ လှေခါးဆံကို တည့်တည့်ဖြစ်အောင် လက်သမားကို ကြပ်တာလို့ ထင်ပါတယ်။ ဟုတ်တယ်လေ အိမ်ရှင်ကလဲ အခိုက်မခံနိုင်သလို လက်သမားကလည်း ဘယ်အခိုက်ခံနိုင်မလဲလေနော်။) ဆိုတော့ တထစ်နဲ့တထစ်ကြား ထောင့်အကွာအဝေးက 24 Degree ဖြစ်ပါတယ်။ ကျနော်က လွယ်လွယ်ပဲ လှေခါးဆံအထူကို 1.5” ထားသလို လှေခါးဆံအပိတ်ကိုလည်း 1.5” ပဲထားပါတယ်။ ညာဘက်က Section ပုံမှာပြထားပါတယ်။ လက်ရန်းတိုင်ကို      Diameter = 2” ထားပြီး လှေခါးဆံရဲ့ အပြင်အ၀န်းကနေ 2” အကွာမှာ Centre ထားထားပါတယ်။

clip_image004

T3D-02: Fig-03

လှေခါးထစ် တထစ်ရဲ့ အမြင့်ဟာ 8” ဖြစ်ပြီး ၁၅ ထစ်ထားထားလို့ အထပ်တထပ်နဲ့တထပ်ကြားအမြင့်ကတော့ 10’ 8” အကွာ ဖြစ်ပါတယ်။

ကျနော်နဲ့အတူတူ လိုက်ဆွဲကြည့်ရအောင် . . . ။ ကျနော်က Command Line ကိုအားပြုပြောပေမယ့် ခင်ဗျားတို့ သန်သလို လိုက်လုပ်ကြည့်လည်း ရပါတယ်။

ပထမဆုံး Units Setting ကိုပြင်ပါ။

clip_image006

T3D-02: Fig-04

Length ကို Architectural နဲ့ Precision ကို 1/256” အထိ ယူထားလိုက်ရအောင်။ အရင်တုန်းကတော့ Precision များများယူလေ RAM Memory စားလေဆိုပေမယ့် ဒီနေ့ခေတ်မှာ ဘာမှမပြောပလောက်တော့ပါဘူး။ ဒီတော့ အမြင့်ဆုံးသာယူထားလိုက်ပါ။ ပြီးရင် OK နဲ့ထွက်ထားလိုက်ပါ။

ပြီးရင် Circles တွေစဆွဲမယ်။

Command: CIRCLE <Enter>

Specify center point for circle or [3P/2P/Ttr (tan tan radius)]: (ကြိုက်ရာ၊ အဆင်ပြေရာတနေရာကို Click လုပ်လိုက်ပါ။)

Specify radius of circle or [Diameter] <0'-1 1/2">: 4'6" <Enter>

Command: CIRCLE <Enter>

Specify center point for circle or [3P/2P/Ttr (tan tan radius)]: @ <Enter> (ကျနော်တို့ရဲ့ Drawing မှာ စောစောက Cirlce ရဲ့ Centre point တခုပဲ ရှိသေးတော့ Last Point အနေနဲ့မှတ်ထားပါတယ်။ အခုဗဟိုတူ စက်ဝိုင်းတွေ ဆွဲမှာဆိုတော့ ဒါကို အသုံးချလိုက်တာပါ။)

Specify radius of circle or [Diameter] <4'-6">: 5" <Enter>

Command: CIRCLE <Enter>

Specify center point for circle or [3P/2P/Ttr (tan tan radius)]: @ <Enter>

Specify radius of circle or [Diameter] <0'-5">: 3" <Enter>

ဒါဆိုဗဟိုတူ Circles ၃ခုရပြီ။

Command: LINE <Enter>

Specify first point: Circle တွေရဲ့ Centre ကိုဖမ်းပါ။ (Object Snaps ကိုဘယ်လိုအသုံးချရမယ်ဆိုတာ

"2D-05: Object Snaps ရဲ့ အသုံးဝင်ပုံများ" မှာဖော်ပြပြီးပါပြီ။)

Specify next point or [Undo]: အပြင်ဘက်ဆုံး Circle ရဲ့ Quadrant ကိုဖမ်းပါ။

Specify next point or [Undo]: <Enter>

Command: ROTATE <Enter>

Current positive angle in UCS: ANGDIR=counterclockwise ANGBASE=0.00

Select objects: l <Enter> (နောက်ဆုံးဆွဲထားတဲ့ Line ကို ပြန်ရွေးတာပါ။)

Select objects: 1 found

Select objects: <Enter>

Specify base point: (Circles တွေရဲ့ Centre ကိုဖမ်းပါ။)

Specify rotation angle or [Copy/Reference] <0.00>: c <Enter> (Rotate လုပ်ရင်း တလက်စတည်း Copy ကူးလိုက်တာပါ။)

Rotating a copy of the selected objects.

Specify rotation angle or [Copy/Reference] <12.00>: 24 <Enter>

clip_image008

T3D-02: Fig-05

အခုဆိုရင် ကျနော်အထက်မှာ ပြထားသလိုရပြီနော်။ ကဲ လက်ရန်းတိုင်အခြေကို ဆက်ဆွဲရအောင်။

Command: CIRCLE <Enter>

Specify center point for circle or [3P/2P/Ttr (tan tan radius)]: အပြင်ဘက်ဆုံး Circle ရဲ့ညာဘက် Quadrant ကိုဖမ်းပါ။

Specify radius of circle or [Diameter] <0'-3">: 1 <Enter>

Command: MOVE <Enter>

Select objects: l <Enter> (Last object ကိုပြန်ကောက်တာပါ။)

Select objects: 1 found

Select objects: <Enter>

Specify base point or [Displacement] <Displacement>: -2,0 (Displacement တန်းပေးလိုက်တာပါ။)

Specify second point or <use first point as displacement>: <Enter>

Command: ROTATE <Enter>

Current positive angle in UCS: ANGDIR=counterclockwise ANGBASE=0.00

Select objects: l <Enter>

Select objects: l 1 found

Select objects: <Enter>

Specify base point: Circles တွေရဲ့ Centre ကိုဖမ်းပါ။

Specify rotation angle or [Copy/Reference] <24.00>: 12 <Enter>

clip_image010

T3D-02: Fig-06

Command: OFFSET <Enter>

Current settings: Erase source=No Layer=Source OFFSETGAPTYPE=0

Specify offset distance or [Through/Erase/Layer] <0'-1 1/2">: 1.5" <Enter>

Select object to offset or [Exit/Undo] <Exit>: Line တခုကိုရွေး

Specify point on side to offset or [Exit/Multiple/Undo] <Exit>: ရွေးထားတဲ့ Line ရဲ့ အပေါ်ဘက်ကို Click ပေး

Select object to offset or [Exit/Undo] <Exit>: နောက် Line တခုကိုရွေး

Specify point on side to offset or [Exit/Multiple/Undo] <Exit>: အပေါ်ဘက်ပဲ Click ပေးပေးပါ။

Select object to offset or [Exit/Undo] <Exit>: <Enter>

clip_image012

T3D-02: Fig-07

Command: TRIM <Enter>

Current settings: Projection=UCS, Edge=None

Select cutting edges ... Radius 5” ရှိတဲ့ Circle ကိုရွေးပါ။

Select objects or <select all>: 1 found

Select objects:

Select object to trim or shift-select to extend or

[Fence/Crossing/Project/Edge/eRase/Undo]: Specify opposite corner:

Select object to trim or shift-select to extend or

[Fence/Crossing/Project/Edge/eRase/Undo]:

Crossing နဲ့ ဖြတ်ချင်တဲ့ ၄လိုင်းစလုံး ရွေးလိုက်ပါ။

clip_image014

T3D-02: Fig-08

Command: TRIM <Enter>

Current settings: Projection=UCS, Edge=None

Select cutting edges ...

Select objects or <select all>: 1 found

Select objects: 1 found, 2 total

အပြင်ဘက်ဆုံး နှစ်လိုင်းကို ရွေးပါတယ်။

Select objects:

Select object to trim or shift-select to extend or

[Fence/Crossing/Project/Edge/eRase/Undo]: မလိုချင်တဲ့ Circle ရဲ့အပိုင်းကို ဖြတ်ဖို့ ရွေးပါတယ်။

Select object to trim or shift-select to extend or

[Fence/Crossing/Project/Edge/eRase/Undo]: <Enter>

clip_image016

T3D-02: Fig-09

အခုဆိုရင် ကျနော်အပေါ်မှာ ပြထားသလို လှေခါးဆံတခုကို တည်ဆောက်လို့ ရပါပြီ။ ပြီးရင် 3D Extrude ပြစ်လို့ရအောင် Boundary လုပ်ပါ့မယ်။

clip_image018

T3D-02: Fig-10

clip_image020

T3D-02: Fig-11

Boundary Creation Dialog Box ထဲက Pick Point Button ကိုရွေးပြီး ကျနော်အထက်မှာ အနီရောင်အစက်လေးတွေနဲ့ ပြထားတဲ့ ဧရိယာ ၃ခုကို ရွေးလိုက်ပါ။

Command: VPOINT <Enter>

Current view direction: VIEWDIR=0'-0",0'-0",0'-1"

Specify a view point or [Rotate] <display compass and tripod>: r <Enter>

Angle in XY plane from X axis <270.00>: 225 <Enter>

Enter angle from XY plane <90.00>: 30 <Enter>

Regenerating model.

clip_image022

T3D-02: Fig-12

ပြီးရင် ပထမဆုံးလှေခါးထစ်ကို ဆွဲဖို့ အမြင့် 8” အရင်တင်ထားရအောင် Move လုပ်ပါ့မယ်။

Command: MOVE <Enter>

Select objects: မှာ Circle - ၃ခု၊ Boundary - ၃ခုကိုရွေးပါတယ်။

Select objects: 6 found

Select objects: <Enter>

Specify base point or [Displacement] <Displacement>: 0,0,8 <Enter> (ကျနော်တို့ကဘာမှ unit မထည့်ရင်လည်း အနိမ့်ဆုံးဖြစ်တဲ့ Inch ပဲယူပါလိမ့်မယ်။ စမ်းသုံးကြည့်နိုင်အောင် တမင်ထည့်ရေးပေးလိုက်တာပါ။)

Specify second point or <use first point as displacement>: <Enter>

clip_image024

T3D-02: Fig-13

ကျနော် Move လုပ်တုန်းက ဘာလို့ တခုချင်း Select လုပ်ကောက်သလဲဆိုတာ သိလောက်ပါပြီ။ အောက်က ကျန်ခဲ့တဲ့လိုင်းတွေ Erase သာလုပ်လိုက်ပါတော့ . . . ။

clip_image026

T3D-02: Fig-14

ပြီးရင် ကျနော် အနီစက်လေးတွေပြထားတဲ့ ဧရိယာ ၃-ခုကို -8” နဲ့ Extrude လုပ်ပါ့မယ်။

Command: EXTRUDE <Enter>

Current wire frame density: ISOLINES=16, Closed profiles creation mode = Solid

Select objects to extrude or [MOde]: 1 found

Select objects to extrude or [MOde]: 1 found, 2 total

Select objects to extrude or [MOde]: 1 found, 3 total

Select objects to extrude or [MOde]: <Enter>

Specify height of extrusion or [Direction/Path/Taper angle/Expression] <3'-6">: -8 <Enter>

ကျန်တဲ့ ၂ခုကိုတော့ -1.5” နဲ့ Extrude လုပ်လိုက်ပါ။

Command: EXTRUDE <Enter>

Current wire frame density: ISOLINES=16, Closed profiles creation mode = Solid

Select objects to extrude or [MOde]: Specify opposite corner: 2 found

Select objects to extrude or [MOde]: <Enter>

Specify height of extrusion or [Direction/Path/Taper angle/Expression] <-0'-8">: -1.5 <Enter>

ကဲ . . . အခု အောက်မှာပြထားသလို ရနေပြီနော်။

extrude 02

 

T3D-02: Fig-15

Command: SUBTRACT <Enter>

Select solids, surfaces, and regions to subtract from ..

Select objects: 1 found (Cylinder အကြီးကို ရွေးပါ။)

Select objects: Select solids, surfaces, and regions to subtract ..

Select objects: 1 found (Cylinder အသေးကို ရွေးပါ။)

Select objects: <Enter>

 

Command: UNION <Enter>

Select objects: Specify opposite corner: 4 found

Select objects:<Enter>

တလက်စတည်း လက်ရန်းတိုင်လေးပါ ထည့်လိုက်ရအောင်။

Command: EXTRUDE <Enter>

Current wire frame density: ISOLINES=16, Closed profiles creation mode = Solid

Select objects to extrude or [MOde]: 1 found (လက်ရန်းအတွက် ထားထားတဲ့ 2” Diameter Circle လေးကို ရွေးပါတယ်။)

Select objects to extrude or [MOde]: <Enter>

Specify height of extrusion or [Direction/Path/Taper angle/Expression] <-0'-1 1/2">: 3.5' <Enter>

clip_image030

T3D-02: Fig-16

ကဲ . . . အခုဆိုရင် လှေခါးထစ်လေးတခုကို လက်ရန်းတိုင်လေးအပါနဲ့ အဆင်သင့်ရနေပါပြီ . . . ။ ညာဘက်က ပုံက Hide လုပ်ကြည့်ထားတာပါ။ ကျနော်က Union လုပ်တဲ့အခါ လက်ရန်းတိုင်ကို ချန်ထားခဲ့တာက နောက်ပိုင်းမှာ Material ပေးချင်ရင် သီးခြားစီ လွယ်လွယ်ပေးလို့ ရအောင် ချန်ထားခဲ့တာပါ။

ကဲ လှေခါးထစ်တွေ ထပ်ထပ်ဆွဲကြရအောင် . . . ။

Command: COPY <Enter>

Select objects: Specify opposite corner: 2 found (လှေခါးထစ်နဲ့ လက်ရန်းတိုင်ကိုရွေးပါတယ်။)

Select objects: <Enter>

Current settings: Copy mode = Multiple

Specify base point or [Displacement/mOde] <Displacement>: 0,0,8 <Enter>

Specify second point or [Array] <use first point as displacement>: <Enter>

ပထမအပေါ်တည့်တည့်ကို Copy ကူးလိုက်ပြီ။

Command: ROTATE <Enter>

Current positive angle in UCS: ANGDIR=counterclockwise ANGBASE=0.00

Select objects: 1 found

Select objects: 1 found, 2 total (Copy ကူးထားတဲ့ လှေးခါးထစ်နဲ့ လက်ရန်းကို ရွေးပါတယ်။)

Select objects: <Enter>

Specify base point: (အလယ်တိုင်ရဲ့ Centre ကိုရွေးပါတယ်။)

Specify rotation angle or [Copy/Reference] <12.00>: 24 <Enter>

အဲဒီလို Copy & Rotate ကို ၁၅ခါ လုပ်ပါ့မယ်။ တကယ်တော့ အပေါ်ဆုံး ၁၆ထစ်မြောက်လှေခါးထစ်ရဲ့ အပေါ် မျက်နှာပြင်ဟာ အပေါ်ထပ်ကြမ်းခင်းမျက်နှာပြင်နဲ့ တညီတည်းဖြစ်ပါလိမ့်မယ်။

clip_image032

T3D-02: Fig-17

ကဲ ဆက်ပြီး လက်ရန်းဆက်ဆွဲလိုက်ကြရအောင် . . . ။

Command: HELIX <Enter>

Number of turns = 1.00000000 Twist=CCW

Specify center point of base: (အလယ်တိုင်ရဲ့ Centre ကိုရွေးပါတယ်။)

Specify base radius or [Diameter] <0'-0">: 4’4” <Enter> (လက်ရမ်းတိုင်ရဲ့ Centre ဟာ လှေခါးတခုလုံး Radius 4’6”       အ၀န်းက 2” ခွာထားတာ သတိရမှာပါ။)

Specify top radius or [Diameter] <4'-4">: <Enter>

Specify helix height or [Axis endpoint/Turns/turn Height/tWist] <0'-0">: t <Enter>

Enter number of turns <1.00000000>: 1 <Enter>

Specify helix height or [Axis endpoint/Turns/turn Height/tWist] <0'-0">: 10’ <Enter>

လက်ရမ်း Sweep လုပ်မဲ့ Path ကို အရင်ဆွဲတာပါ။

Command: CIRCLE <Enter>

Specify center point for circle or [3P/2P/Ttr (tan tan radius)]: (ခုနကဆွဲထားတဲ့ Helix အောက်ခြေက End Point ကို ဖမ်းပါတယ်။)

Specify radius of circle or [Diameter] <0'-0">: 1.5 <Enter>

Command: ROTATE3D <Enter>

Current positive angle: ANGDIR=counterclockwise ANGBASE=0.00

Select objects: 1 found (နောက်ဆုံးဆွဲထားတဲ့ Circle ကိုရွေးပါတယ်။)

Select objects: <Enter>

Specify first point on axis or define axis by

[Object/Last/View/Xaxis/Yaxis/Zaxis/2points]: x <Enter>

Specify a point on the X axis

<0,0,0>: လှေခါးဆံအပိတ် အောက်ခြေလိုင်းရဲ့ End Point ကို ဖမ်းပါတယ်။ အနီစက်ကလေးနဲ့ အောက်ပုံမှာ ပြထားပါတယ်။

Specify rotation angle or [Reference]: 90 <Enter>

clip_image034

T3D-02: Fig-18

ကျနော် အထက်မှာပြသလို တွေ့နေရမှာပါ။

Command: SWEEP <Enter>

Current wire frame density: ISOLINES=16, Closed profiles creation mode = Solid

Select objects to sweep or [MOde]: 1 found (စောစောက နောက်ဆုံးဆွဲခဲ့တဲ့ Circle လေးကို ရွေးပါတယ်။)

Select objects to sweep or [MOde]: <Enter>

Select sweep path or [Alignment/Base point/Scale/Twist]: (ဆွဲထားတဲ့ Helix ကိုရွေးပါတယ်။)

Command: MOVE <Enter>

Select objects: l <Enter>

Select objects: 1 found

Select objects: <Enter>

Specify base point or [Displacement] <Displacement>: 0,0,4’2” <Enter>

(လှေခါးထစ်တထစ်အမြင့်က 8”၊ လက်ရန်းတိုင် အမြင့်က 3’ 6” ဆိုတော့ နှစ်ခုပေါင်း 4’ 2” တင်လိုက်တာပါ။)

Specify second point or <use first point as displacement>: <Enter>

Command: ROTATE <Enter>

Current positive angle in UCS: ANGDIR=counterclockwise ANGBASE=0.00

Select objects: l <Enter>

Select objects: 1 found

Select objects: <Enter>

Specify base point: (အလယ်တိုင်ရဲ့ Center ကိုဖမ်းပါတယ်။)

Specify rotation angle or [Copy/Reference] <24.00>: 12 <Enter>

ကဲ အခုဆိုရင် ကျနော်တို့ အလိုရှိသလို ကြောင်လိမ်လှေခါး (3D Spiral Staircase) တခုဆွဲလို့ ရပါပြီ။ ဆွဲနေရင်း မကြာ၊ မကြာ Save လုပ်ဖို့လဲ သတိပေးပါရစေ။ ကျနော်ရေးပြထားတာ အခြေခံပြီး အလိုရှိသလို ဆက်ဆွဲနိုင်ကြပါစေ။

“အားလုံးကျန်းမာရွှင်လန်းပါစေ” ခင်ဗျား . . . ။

Read More...