ကျနော့်စေတနာနဲ့ဆန္ဒ

မင်္ဂလာပါခင်ဗျား . . . ကျနော် AutoCAD နဲ့ ပတ်သက်လို့ ပြောဆိုဆွေးနွေးမှုလေးတွေ လုပ်ချင်ပါတယ်။ ကျနော်ပြောချင်တာက ဖြစ်နိုင်ရင် CAD Software တွေ တော်တော်များများအကြောင်း ဆွေးနွေးချင်ပါတယ်။ ဗဟုသုတလေးတွေ၊ အတွေ့အကြုံလေးတွေ ဝေမျှစေချင်တာပါ။ ကျနော့်မှာ ရှိတာကတော့ AutoCAD အတွေ့အကြုံတွေပါ။ မိတ်ဆွေတို့ သိချင်တာ၊ မေးချင်တာလေးတွေရှိရင် ကျနော်သိတာ၊ တတ်တာလေးတွေကို ပြောပြချင်ပါတယ်။ အကြောင်းပြန်တာ နောက်ကျရင်တော့ နားလည်ခွင့်လွှတ်ပေးစေချင်ပါတယ်။ နိုင်ငံအသီးသီး၊ နယ်ပယ်အသီးသီးမှာ AutoCAD နဲ့အလုပ်လုပ်နေကြတဲ့ ကျနော်တို့ မြန်မာနိုင်ငံသူ၊ နိုင်ငံသားအပေါင်းအတွက် ကျနော်တတ်နိုင်တာလေးကို ဖြည့်ဆည်း ပေးချင်တာပါ။ နောင်ကိုလဲ AutoCAD နဲ့ ပတ်သက်တဲ့ သင်ခန်းစာလေးတွေ၊ ဆောင်းပါးလေးတွေ၊ AutoCAD eBooks တွေ၊ Engineering eBooks တွေ ကို တတ်နိုင်သလောက် တင်ပေးသွားပါ့မယ် . . .

လေးစားစွာဖြင့်
WISE GUY
(wiseguy.edu@gmail.com)

Sunday, June 13, 2010

E-03: Introduction to AutoCAD 2010 by Alf Yarwood

2v8k00p

Introduction to AutoCAD 2010 by Alf Yarwood
Newnes ISBN: 1856178684 edition 2009-09-07 PDF 429 pages 11.2 MB

AutoCAD နဲ့ပတ်သက်ရင် လေ့လာလို့ ကောင်းတဲ့စာအုပ် တအုပ်ပါပဲ။ အရေးအသားတိုတိုတုတ်တုတ်နဲ့ ရှင်းရှင်းလင်းလင်း ရေးထားပါတယ်။ လေ့ကျင့်ဖို့ သင်ခန်းစာတွေလဲပါလို့ ပိုကောင်းပါတယ်။

Dowload : Introduction to AutoCAD 2010 by Alf Yarwood

Read More...

E-02: AutoCAD: Secrets Every User Should Know

Secret every user should know

AutoCAD: Secrets Every User Should Know
Publisher: Sybex | ISBN: 0470109939 | edition 2007 | PDF | 497 pages | 18.32 MB

AutoCAD ကိုအသုံးချနေတဲ့သူတွေအတွက် AutoCAD ရဲ့ Tricks တွေကို သိနားလည်ထားရင် ပိုအသုံးချနိုင်မှာ ဖြစ်ပါတယ်။ ဒီစာအုပ်မှာ AutoCADကို စိတ်ကြိုက်လုပ်နိုင်ဖို့၊ ကိုင်တွယ်နိုင်ဖို့ ညွှန်ပြထားပါတယ်။ သာမန် AutoCAD အသုံးချစာအုပ် တအုပ်မဟုတ်တဲ့အတွက် ပိုပြီးအသုံးဝင်မယ်လို့ မျှော်လင့်မိပါတယ်။

Download : AutoCAD Secrets Every User Should Know

Read More...

Friday, June 11, 2010

E-01: Learning AutoCAD 2010 and AutoCAD LT 2010 (2 volumes)

9781897177792.pdf

Autodesk Official Training Guide, "Learning AutoCAD 2010 and AutoCAD LT 2010 (2 volumes)"
Sybex | 2009 | ISBN: 1897177798 | 928 pages | PDF | 17.4 MB

Autodesk ကထုတ်တဲ့ AutoCAD 2010 eBook ဖြစ်ပါတယ်။ 2 Volumes ပါဝင်ပြီး AutoCAD ကိုစလေ့လာတဲ့သူကနေ ကျွမ်းကျင်အဆင့်ထိရောက်အောင် ရှင်းလင်းပြထားတဲ့ စာအုပ်ဖြစ်ပါတယ်။ လေ့ကျင့်ခန်းတွေလဲ ပါလို့ပိုအဆင်ပြေ ပါလိမ့်မယ်။

ပါဝင်တဲ့အခန်းတွေကို အောက်မှာဖော်ပြထားသလို ခွဲထားပါတယ်။ လေ့လာကြည့်ကြပါ။


Table Of Contents:
Introduction
Chapter 1: Taking the AutoCAD Tour
Chapter 2: Creating Basic Drawings
Chapter 3: Manipulating Objects
Chapter 4: Drawing Organization and Inquiry Commands
Chapter 5: Altering Objects
Chapter 6: Working with Layouts
Chapter 7: Annotating the Drawing
Chapter 8: Dimensioning
Chapter 9: Hatching Objects
Chapter 10: Working with Reusable Content
Chapter 11: Creating Additional Drawing Objects
Chapter 12: Plotting Your Drawings
Chapter 13: Creating Drawing Templates
Appendix

Download : Table of Contents

Download : Learning-AutoCAD-2010-Volume-1

Download : Learning-AutoCAD-2010-Volume-2

Read More...

Wednesday, June 9, 2010

TT-01: နောက်မှာပုန်းနေတဲ့ System Variables တွေ . . .

ကျနော်တို့ အသုံးချနေတဲ့ AutoCAD ဟာ သူ့ရဲ့ Default Settings တွေ။ ကျနော်တို့ အသုံးချနေရင်း၊ ဆွဲနေရင်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို သူ့ရဲ့ Database ထဲမှာ မှတ်ထားလေ့ရှိပါတယ်။ ဒါကိုကျနော်တို့က သိမှလည်း AutoCAD ကိုကောင်းကောင်း အသုံးချတတ်မှာပါ။ ဒါတွေကို ဘယ်လို ကြည့်လို့ရနိုင်သလဲဆိုတော့ . . . Command Line မှာ SETVAR (Set Variable) လို့ ရိုက်ပြီး (Enter) ခေါက်လိုက်ပါ။

Command: SETVAR (Enter)

Enter variable name or [?] ? (Enter)

Enter variable(s) to list <*>: (Enter)

ဆိုရင် System Variables တွေ စတွေ့ရမှာပါ။ အဲဒီကဆက်ပြီး

Press ENTER to continue: လို့ ပြောတဲ့အတွက် Enter ခေါက်၊ ခေါက်ပြီး လေ့လာကြည့်ရှုနိုင်ပါတယ်။ အကုန်ပေါ့။ စိတ်မရှည်လို့ဖြစ်ဖြစ်၊ ကိုယ်ရှာနေတာ တွေ့လို့ပဲဖြစ်ဖြစ်၊ Command Line ကိုပြန်ထွက်ချင်ရင် Escape Key (Esc) သာနှိပ်လိုက်ပါခင်ဗျား။

Enter variable name or [?]: မှာကိုယ်က သိတဲ့ Variable ကို ရိုက်ထဲ့ပြီး ရှာလို့လဲ ရပါတယ်။ ဥပမာ - AREA, LASTPOINT, CIRCLERAD . . . လို မျိုးတွေပေါ့။ အခုတော့ ဘာတွေရှိမှန်းမသိလို့ ? ပဲနှိပ်ပြီးကြည့်တာပါ။ တခါဝင်ဖူး ထားရင် အဲဒါဟာ နောက်တခါမှာ Default အနေနဲ့ < …> ကြားထဲမှာ မြင်နေရပါလိမ့်မယ်။

Enter variable(s) to list <*>:

? & * က wildcard characters ဆိုတော့ အလိုရှိသလို ရှာနိုင်မယ် ထင်ပါတယ်။ ? က one character ကို ကိုယ်စားပြုပြီး * ကတော့ words or any group of characters ကို ကိုယ်စားပြုပါတယ်။ ဥပမာ - b* ဆိုရှာရင် bနဲ့ “စ”တာတွေချည်း တွေ့ရလိမ့်မယ်။ att??? နဲ့ရှာရင် ATTDIA, ATTIPE, ATTREQ သုံးခုတွေ့ရမယ်။ ဒီလောက်ဆို ဥာဏ်နဲ့ယှဉ်ပြီး သုံးပါလေလို့ပဲ ပြောပါရစေတော့ . . . ။

ကဲ . . . တွေ့တာတွေကတော့ ဟုတ်ပါပြီ။ ဘယ်ဟာက ဘာတွေလဲ သိချင်နေမှာပေါ့။ ဟုတ်တယ်လေ။ ဘယ် Variable နဲ့ ပတ်သက်လို့ကတော့ သူမှတ်ထားတာ ဘာတွေပါလို့ပဲ တွေ့နေရတာကိုး။ ဘယ်ကျေနပ်ပါ့မလဲ။ လေ့လာပါတယ်ဆိုမှ . . . ။ မကျေနပ်ရင် SYSVDLG (System Variable Dialog) လို့ Command Line မှာ ရိုက်ပြီး Enter ခေါက်လိုက်ပါ။ ကျနော်အောက်မှာ ပြထားသလို Dialog Box လေးတွေ့မှာပါနော်။

clip_image002

ကဲ အခုတော့ ဘယ် Variable ကဘာပါ။ ဘာကို ဘယ်လိုမှတ်ထားတာပါ။ တွေ့ရပြီမဟုတ်လား။ သိနားလည်ရင် ကိုယ်ကြိုက်သလို ဒီနေရာကနေ ပြင်လို့ရပါတယ်။ ဘုရား . . . ဘုရား . . . ဒါတွေအကုန်လုံးတော့ ကျနော် ဒီနေရာမှာ မရှင်းနိုင်ပါဘူးဗျာ။ ခွင့်လွှတ်နားလည်ပေးပါ . . . ။ ဒီနေရာကနေ “Save All …” နဲ့ Variable List ကို Export လုပ်လို့ရပါတယ်။ Extension .SVF နဲ့ထွက်သွားပါလိမ့်မယ်။ Notepad နဲ့တောင် လွယ်လွယ်လေး ဖွင့်ကြည့်လို့ ရပါတယ်။ ဒီ System Variable File ကိုတခြားတနေရာမှာ သုံးချင်ရင် “Read ...” နဲ့ပြန် Import လုပ်လို့ ရနိုင်ပါတယ်။ ဒီလောက်ဆို နောက်ကွယ်က ပုန်းရှိုး၊ ကွယ်ရှိုးလုပ်နေတဲ့ System Variables တွေကို လေ့လာလို့ ရနိုင်ပြီပေါ့နော် . . . ။

“အားလုံး ကျန်းမာရွှင်လန်းပါစေ” ခင်ဗျား . . . ။

Read More...

Tuesday, June 8, 2010

AutoCAD ကိုလိုချင်ရင် ...

AutoCAD ဘယ် Version ကိုမဆိုလိုချင်တယ်ဆိုရင် ကျနော့် (wiseguy.edu@gmail.com) ကိုဆက်သွယ်ပါ။ 32 bit version ရော 64 bit version ရော နှစ်မျိုးစလုံး ရနိုင်ပါတယ်။ အဲ . . . ခင်ဗျားက မြန်မာလူမျိုးဖြစ်မှ ပေးမယ်နော်။ မဟုတ်ရင်
“၀င်” ရမှာဗျ နော့ . . . ။

Read More...