ကျနော်လေ့လာမိသလောက် AutoCAD အကြောင်းလေးပြောပြချင်ပါတယ်။ ဟိုးတုန်းက CAD ကို Computer Aided Drafting လို့ ပြောကြ၊ ရေးကြတယ်။ ဟုတ်တယ်လေ။ စာရွက်ပေါ်ဆွဲတာနဲ့ Computer နဲ့ဆွဲတာ ဒါပဲကွာတာကိုး။ ဒါပေမယ့် နောက်ပိုင်းကျတော့ Drafting သက်သက်တင်မကတော့ပဲ Apply Engineering ဆန်လာတော့ Computer Aided Design လို့ပြောင်းသုံးလာတာ ဒီနေ့အထိပါပဲ။
CAD Software တွေထဲမှာ Autodesk ကထုတ်တဲ့ AutoCAD ကအစောဆုံး ထွက်လာတာ မဟုတ်ပါဘူး။ ပထမဆုံးထွက်လာတာက Intergraph ကထုတ်တဲ့ Microstation ဖြစ်ပါတယ်။ ဒါပေမယ့် Intergraph က အခုလို PC Version တွေမထုတ်ဘူးဗျ။ သူ့ Software ကို နည်းနည်းကြီးကျယ်စေချင်တော့ Main Frame တို့၊ Mini Computer တို့ အပေါ်မှာ သုံးဖို့ပဲ ထုတ်တယ်လေ။ ဒီတော့ PC User တွေခမြာ သုံးစရာ CAD Software မရှိဘူးပေါ့။ Main Frame တို့၊ Mini တို့ဈေးကလဲ သာမာန်လူတစ်ယောက်အနေနဲ့ အနားတောင် မကပ်နိုင်ဘူးလေ။ အဲဒီမှာ Autodesk က PC User တွေရဲ့လိုအပ်ချက်ကို AutoCAD နဲ့ ဖြည့်ဆည်းပေးလိုက်တယ်။ နောက်တော့မှ PC ဈေးကွက်ကလည်း မနည်းဘူးဆိုတာ Intergraph ကသိတော့ Microstation ကို PC Version ချထုတ်တော့တယ်။ ဒါပေမယ့် AutoCAD က User Familiar ဖြစ်တာ အချိန်နည်းနည်းရသွား၊ ဈေးကွက်ဝေစုရထားပြီးသား ဖြစ်နေတော့ Intergraph ရဲ့ Microstation က နောက်ကပြန်လိုက်ရတဲ့ဘ၀ ရောက်သွားရရှာတယ်။ ဘယ်အရာမှ အထင်သေးလို့မရ၊ လျော့တွက်လို့မရတာ သင်္ခန်းစာပေါ့ဗျာ . . . ။
Friday, July 11, 2008
Subscribe to:
Post Comments (Atom)
No comments:
Post a Comment