ကျနော့်စေတနာနဲ့ဆန္ဒ

မင်္ဂလာပါခင်ဗျား . . . ကျနော် AutoCAD နဲ့ ပတ်သက်လို့ ပြောဆိုဆွေးနွေးမှုလေးတွေ လုပ်ချင်ပါတယ်။ ကျနော်ပြောချင်တာက ဖြစ်နိုင်ရင် CAD Software တွေ တော်တော်များများအကြောင်း ဆွေးနွေးချင်ပါတယ်။ ဗဟုသုတလေးတွေ၊ အတွေ့အကြုံလေးတွေ ဝေမျှစေချင်တာပါ။ ကျနော့်မှာ ရှိတာကတော့ AutoCAD အတွေ့အကြုံတွေပါ။ မိတ်ဆွေတို့ သိချင်တာ၊ မေးချင်တာလေးတွေရှိရင် ကျနော်သိတာ၊ တတ်တာလေးတွေကို ပြောပြချင်ပါတယ်။ အကြောင်းပြန်တာ နောက်ကျရင်တော့ နားလည်ခွင့်လွှတ်ပေးစေချင်ပါတယ်။ နိုင်ငံအသီးသီး၊ နယ်ပယ်အသီးသီးမှာ AutoCAD နဲ့အလုပ်လုပ်နေကြတဲ့ ကျနော်တို့ မြန်မာနိုင်ငံသူ၊ နိုင်ငံသားအပေါင်းအတွက် ကျနော်တတ်နိုင်တာလေးကို ဖြည့်ဆည်း ပေးချင်တာပါ။ နောင်ကိုလဲ AutoCAD နဲ့ ပတ်သက်တဲ့ သင်ခန်းစာလေးတွေ၊ ဆောင်းပါးလေးတွေ၊ AutoCAD eBooks တွေ၊ Engineering eBooks တွေ ကို တတ်နိုင်သလောက် တင်ပေးသွားပါ့မယ် . . .

လေးစားစွာဖြင့်
WISE GUY
(wiseguy.edu@gmail.com)

Tuesday, June 8, 2010

2D-01: AutoCAD မိတ်ဆက်

အခုအချိန်မှာ AutoCAD 2011 ထွက်လာပြီ ဖြစ်ပေမယ့် ကျနော်က အခုထိ အသုံးများနေဆဲဖြစ်တဲ့ AutoCAD 2008 ကို အခြေခံပြီး Mysteryzillion မှာတင်ခဲ့တဲ့ Posts အဟောင်းလေးတွေ (2D-01, 2D-02 & 2D-03) ကို ပြန်တင်လိုက်တာပါ။ အခြေခံအားဖြင့်တော့ အတူတူပဲ ဖြစ်ပေမယ့် ကွာဟမှုအနည်းအကျဉ်းတော့ ရှိနေမှာပါ။ နားလည်ခွင့်လွှတ်ပေးမယ်လို့ မျှော်လင့်မိပါတယ်။ နောက်ပိုင်းမှာတော့ Update ဖြစ်အောင်ရေးပါ့မယ်။ Version တခုနဲ့တခု ကွာဟမှုလေးတွေကိုလည်း တင်ပေးသွားပါ့မယ်။

================

AutoCAD 2008 ကို စ Run တဲ့အခါ Default အတိုင်း Install လုပ်ခဲ့ရင် Desktop ပေါ်မှာ အခုလို Icon လေးမြင်ရမှာပါ။

clip_image002

2D-01: Fig-01

ဒီ Icon လေးကို Double Click ပေးပြီး Run ချင်ရင် Run, ဒါမှမဟုတ် အဲဒီ Icon လေးပေါ်မှာ Right Click ပေးပြီး Open နဲ့ Run လို့လဲရပါတယ်။

clip_image004

2D-01: Fig-02

ဒါမှမဟုတ်ရင်လဲ Start > All Programs > Autodesk > AutoCAD 2008 > AutoCAD 2008 ကို Click လုပ်ပြီး Run နိုင်ပါသေးတယ်။

Noname

2D-01: Fig-03

AutoCAD Application File ကိုရှာပြီး Run ချင်ရင်တော့ Default Setting အတိုင်း Install လုပ်ထားရင် C:\Program Files\AutoCAD 2008\acad.exe ကို Double Click နဲ့ Run နိုင်ပါတယ်ခင်ဗျား . . . ။ Default Setting အတိုင်း မဟုတ်ရင်တော့ ရှိတဲ့နေရာကိုသာရှာပြီး Run ပေတော့ဗျို့ . . . ။

AutoCAD ထဲရောက်တဲ့အခါ AutoCAD ရဲ့ Interface ကိုအောက်မှာပြထားသလို စတွေ့ရမှာပါ။ (2D-01: Fig-04)

clip_image008

2D-01: Fig-04

Software တခုကို လေ့လာရာမှာ Terms (အခေါ်အဝေါ်တွေ) ကို စပြီးသိသင့်ပါတယ်။ ဘာကို ဘယ်လိုခေါ်မှန်းမသိပဲ ပြောဆိုဆွေးနွေးဖို့ မဖြစ်နိုင်ပါဘူး။ ဒီတော့ . . . ကျနော် AutoCAD ရဲ့ Interface ကို စရှင်းပါ့မယ် . . . ။

clip_image010

2D-01: Fig-05

Windows ရဲ့ Default Setting အတိုင်းဆိုရင် အပေါ်ဆုံးမှာ အပြာရောင်နဲ့ မြင်နေရတာကို Program Title Bar လို့ခေါ်ပါတယ်။ (2D-01: Fig-05) AutoCAD ရဲ့ Logo လေးရယ်၊ AutoCAD 2008 ရယ်လို့ မြင်နေရတော့ ကျနော်တို့ဘယ် Program ကို Run ထားတယ်ဆိုတာ အလွယ်တကူ သိနိုင်ပါတယ်။ အခုလက်ရှိ ဒီ File ကိုတခါမှ မသိမ်းသေးဘူးတော့ [Drawing1.dwg] လို့တွေ့ရမှာပါ။ သိမ်းဖူးပြီးရင်တော့ ကျနော်တို့ပေးတဲ့ Filename နဲ့ အဲဒီနေရာမှာ တွေ့ရပါလိမ့်မယ်။

clip_image012

2D-01: Fig-06

အခြားသော Windows Application Software တွေလို ညာဘက်ဆုံးမှာ Minimize Button, Maximize Button, Close Button တွေကို မြင်နိုင်ပါတယ်။ Maximize လုပ်ထားရင်တော့ Restore Down Button ကိုပဲတွေ့ရပြီး Maximize Button ပျောက်နေပါလိမ့်မယ် . . . ။ (2D-01: Fig-06)

Program Title Bar အောက်မှာ File, Edit, View . . . စသဖြင့်တွေ့နေရတာကို Menu Bar လို့ခေါ်ပါတယ်။ (2D-01: Fig-05) Current File ကို Maximize လုပ်ထားတဲ့အခါ File နဲ့သက်ဆိုင်တဲ့ Minimize, Restore Down, Close

Buttons တွေဟာ Menu Bar နဲ့ တတန်းထဲ ညာဘက်မှာ ရှိပါလိမ့်မယ်။ (2D-01: Fig-06) Buttons တွေ နှစ်ထပ်ဖြစ်နေလို့ မှားတတ်ကြပါတယ်။ အပေါ်က Buttons တွေက Application Program တခုလုံးနဲ့ဆိုင်ပြီး အောက်က

Buttons တွေကတော့ Active File နဲ့ပဲ ဆိုင်ပဲပါတယ်။

Menu Bar အောက်မှာ Icons တွေ၊ Drop-down List တွေနဲ့ မြင်နေရတာတွေက Toolbars တွေပါ။ (2D-01:Fig-05) Toolbar ပေါ်က Buttons တွေပေါ် Mouse Pointer တင်လိုက်တဲ့အခါ ဘယ်လိုအလုပ် လုပ်မယ်ဆိုတာကို ဖော်ပြတဲ့

စာလေးတွေ ထွက်လာပါလိမ့်မယ်။ အဲဒါကို Tool-tips လို့ခေါ်ပါတယ်။ (2D-01:Fig-05)

အလည်မှာ အဖြူရောင်နဲ့မြင်နေရတာတဲ့ အကျယ်ဆုံးဧရိယာက Drawing Area ဖြစ်ပါတယ်။ (2D-01:Fig-04) ဒီအရောင်ကို မကြိုက်ရင်လဲ ကိုယ်ကြိုက်တဲ့အရောင်ကို ပြောင်းလို့ရတာ နောက်တော့တင်ပြပေးပါ့မယ်။ Drawing Area ရဲ့ဘယ်ဘက်အောက်ထောင့်နားမှာ X နဲ့ Y Positive Directions ကိုဖော်ပြနေတဲ့ UCS (User Coordinate System) Icon ကိုသတိထားမိမှာပါ။ (2D-01:Fig-04) AutoCAD ရဲ့ Default Plane ကို Plan View, Top View ထားပြီးဆွဲရတာ ထုံးစံပါ။ Drawing Area ထဲမှာ Mouse ရဲ့ Pointer ကိုဖော်ပြနေတာက Cross-hair လို့ခေါ်ပါတယ်။ (2D-01:Fig-04)

Drawing Area ရဲ့ညာဘက်ဘေးနဲ့ အောက်ဘက်မှာ Vertical Scrollbar နဲ့ Horizontal Scrollbar တွေကို မြင်ရမှာပါ။ (2D-01:Fig-04) အဲဒီပေါ်က မျှားခေါင်းလေးတွေပါတဲ့ Buttons တွေကို Scrolling Arrows Buttons၊ အတုံးလေးကို Scroll-box လို့ခေါ်ပါတယ်။ အဲဒီ Scroll-box ကို Drag လုပ်ပြီးဆွဲရွေ့နိုင်တဲ့ လမ်းကြောင်းတလျောက်ကိုတော့ Slider Bar လို့ မှတ်ထားနိုင်ပါတယ်။

Horizontal Scrollbar ရဲ့ ဘယ်ဘက်ဘေးမှာ မြင်နေရတာက Layout & Model Tab ဖြစ်ပါတယ်။ (2D-01:Fig-04) Layout တွေထပ်ဖွင့်နိုင်ပေမယ့် Model ကတော့ တခုတည်းပဲရှိနိုင်ပါတယ်။ Layout တွေ အများကြီးရှိနေတဲ့အခါ တခုကနေတခုကို အလွယ်တကူ သွားနိုင်ဖို့ ဘယ်ဘက်ဆုံးမှာ Scrolling Arrow Buttons တွေရှိနေတာကိုလည်း တွေ့ရမှာပါ။ (2D-01:Fig-04)

အောက်မှာ Default Setting အတိုင်းဆိုရင် စာကြောင်းသုံးကြောင်းနဲ့ မြင်နေရတာကို Command Prompt Area လို့ ခေါ်ပါတယ်။ (2D-01:Fig-04) အဲဒီမှာ ကျနော်တို့က Command တွေပေး၊ AutoCAD ကလိုတဲ့ အချက်အလက်တွေ ပြန်တောင်းနဲ့ အပြန်အလှန်

ဆက်ဆံနေရမယ့်နေရာဖြစ်လို့ ဒီနေရာကို ဂရုထားဖို့လိုပါတယ်။ ကျနော်အတွေ့အကြုံအရပြောရရင် တချို့သူတွေဟာ ဒီ Command Prompt Area မှာဘာတွေရှိနေ၊ မေးနေတယ်ဆိုတာကို မဖတ်ပဲ Drawing Area ထဲမှာ ဆွဲဖို့ချည်းပဲ

စိတ်လောနေကြတာကို တွေ့ဖူးပါတယ်။ ကျနော်တို့ စိတ်ထဲမှာဘာရှိမယ်၊ ဘာလုပ်ချင်နေတယ်ဆိုတာ ကွန်ပျူတာက မသိသလို၊ AutoCAD ကလဲ လုံးဝမသိနိုင်ပါဘူး . . . ။

အောက်ဆုံးမှာတော့ ကျနော်တို့ Drawing နဲ့ပတ်သက်လို့ အခြေအနေတွေကိုဖော်ပြတဲ့ Status Bar ကိုတွေ့ရမှာပါ။ (2D-01:Fig-04) SNAP, GRID, ORTHO, . . . စသဖြင့် Buttons တွေမြင်နေရမှာပါ။ ဒီ Button ကို Click ပေးပြီး ON လို့ ရသလို OFF ချင်ရင်လဲ ဒီ Button ကိုပဲပြန် Click ပေးရတာပါ။ အဲဒီလို Button တခုထဲက ON/OFF နှစ်ခုစလုံး အပြန်အလှန် အလုပ်လုပ်ပေးရင် Toggle Switch လို့ခေါ်ပါတယ်။

Toolbars တွေကို အလိုရှိသလို အဖွင့်၊ အပိတ်လုပ်နိုင်ပါတယ်။ တခြား Software တွေလိုပါပဲ။ ကြိုက်တဲ့ Toolbar ပေါ် Mouse Pointer လေးတင်ပြီး Right Click ကိုနှိပ်လိုက်ရင် Toolbars List ပေါ်လာမှာပါ။ ကိုယ်အလိုရှိတဲ့ Toolbar ကို

Click ပေးပြီး ဖွင့်နိုင်သလို၊ မလိုချင်တဲ့၊ ဖွင့်ထားတဲ့ Toolbar ကိုလဲ Click ပေးပြီး ပိတ်နိုင်ပါတယ်။ အချို့သော Toolbars တွေဟာ Drawing Area ထဲရောက်သွားတဲ့အခါ အောက်မှာဖော်ပြထားသလို Window တခုအနေနဲ့ ပေါ်နေပါလိမ့်မယ်။

clip_image014

2D-01: Fig-07

အဲဒီ Toolbar Window ရဲ့ Title Bar ကနေ အလိုရှိတဲ့နေရာကို Drag & Drop နဲ့ဆွဲရွေ့နိုင်တဲ့အတွက် Floating Toolbar လို့ခေါ်ပါတယ်။ ဆွဲရွေ့ရာမှာ အပေါ်၊ အောက်နဲ့ဘေးနှစ်ဘက်ကို ရောက်သွားတဲ့အခါ ကျနော်တို့ Toolbars တွေဟာ အဲဒီနေရာမှာ ကျောက်ချရပ်နားလိုက်ပြီဖြစ်လို့ အဲဒီနေရာတွေကို Toolbar Docks တွေလို့ခေါ်ပါတယ်။ (2D-01: Fig-07)

Toolbar Docks ကနေ Toolbar ရဲ့ဘယ်ဘက်ဆုံးမှာရှိတဲ့ Vertical Parallel Bar လေးကို Drag လုပ်ပြီး Drawing Area ထဲကို ဆွဲယူလာလို့လည်း ရပါတယ်။ လေ့ကျင့်ကြည့်ပါ။

Toolbar ပေါ်က Tool-tips လေးတွေက User Friendly ဖြစ်လို့ Toolbars တွေ များများဖွင့်ထားရင် မကောင်းဘူးလားလို့ မေးစရာရှိမှာပါ။ ဟုတ်ကဲ့ . . . လွယ်တဲ့အားသာချက် ရှိသလို Toolbars တွေ များများဖွင့်လေ ခင်ဗျားရဲ့ Drawing Area ဆုံးရှုံးလေဖြစ်ပြီး RAM Memory မှာလဲ နေရာယူပါလိမ့်မယ်။ ဒီတော့များများဖွင့်တိုင်းလဲ မကောင်းနိုင်ဘူးလေ . . . ။

Menu ကိုသွား Click လိုက်ရင် Sub-menu တွေဟာ အောက်ကိုပွင့်ကျလာလို့ ဒါကို Pull-down Menu လို့ခေါ်ပါတယ်။ Pull-down Menu ကနေဘေးဘက်ကို ဆက်ပွင့်တာကိုတော့ Cascading Menu လို့ခေါ်ပါတယ်။ (2D-01: Fig-08)

clip_image016

2D-01: Fig-08

File Menu ကိုဖွင့်ကြည့်ရင် အခုလိုတွေ့ရမှာပါ။

http://edu.mysteryzillion.org/mod/forum/discuss.php?d=

2D-01: Fig-09

အဲဒီမှာ တချို့ဘေးမှာ Ellipsis (…) လို့ခေါ်တဲ့ အစက်ကလေးသုံးစက်ပါပြီး တချို့ဘေးမှာ မပါတာ တွေ့ပါလိမ့်မယ်။ ဒါကဘာကိုဖော်ပြသလဲဆိုတော့ Ellipsis ပါရင် ချက်ခြင်း Action မဖြစ်ပဲ အနည်းဆုံး Dialog Box တခုတော့ အမေးအဖြေ လုပ်ရပါလိမ့်မယ်။ မပါရင်တော့ ဘာမှမေးမနေပဲ ချက်ခြင်းအလုပ်လုပ်သွားပါလိမ့်မယ်။ ဥပမာ - Save နဲ့ Save As ... ကိုယှဉ်ကြည့်ရင် ကျနော်တို့ Drawing File ဟာတခါမှ မသိမ်းဘူးရင်တော့ Save ပဲလုပ်လုပ်၊ Save As ပဲလုပ်လုပ် Save Drawing As ဆိုတဲ့ Dialog-box ကိုတွေ့ရ၊ ဖြေရမှာပါ။ တခါသိမ်းဖူးထားပြီး Save နဲ့သိမ်းရင် အရင်သိမ်းထားတဲ့နေရာမှာပဲ Overwrite လုပ်ပြီး သိမ်းလိမ့်မယ်။ ဘာမှမေးတော့မှာ မဟုတ်ဘူး။ ဒီလိုမှမဟုတ်လို့ Folder or Filename တခုခု ပြောင်းသိမ်းချင်တဲ့ အခါမှာတော့ Save As ... နဲ့သိမ်းမှ ရလိမ့်မယ်။

တခါ New ဘေးမှာ Ctrl+N, Open ဘေးမှာ Ctrl+O စသဖြင့်တွေ့ရတာတွေက Short-cut Keys တွေဖြစ်ပါတယ်။ Short-cut Keys တွေဟာ Menu မဖွင့်ထားမှ နှိပ်လို့ရမှာနော် . . . ။ Menu ပွင့်ရက်နဲ့ဆို New ဆို N, Open ဆို O, ဆိုတဲ့ Underline ပြထားတဲ့ Character တွေပဲ နှိပ်နိုင်လိမ့်မယ် . . . ။

Noname02

2D-01: Fig-10

အပေါ်မှာ ပြထားတာကို Drop-down List လို့ နားလည်နိုင်ပြီး နေရာအနေအထားကြောင့် အပေါ်ကိုပွင့်သွားရင်လဲ Drop-down List ပဲနော် . . . ။ မဟုတ်တာတွေ လျှောက်ခေါ်ဖို့ မစဉ်းစားပါနဲ့ . . . ။

ကဲ . . . ဒီလောက်ဆိုရင် အခေါ်အဝေါ်လေးတွေ နားလည်လောက်ပါပြီနော်။ နောက် Post တွေကျရင် AutoCAD 2D အကြောင်း ရှင်းပါ့မယ် . . . ။ 3D သမားများအတွက်လဲ တပြိုင်တည်း တင်ပေးပါ့မယ် . . . ။

“အားလုံးကျန်းမာရွှင်လန်းပါစေ” ခင်ဗျား . . . ။

No comments:

Post a Comment