ကျနော့်စေတနာနဲ့ဆန္ဒ

မင်္ဂလာပါခင်ဗျား . . . ကျနော် AutoCAD နဲ့ ပတ်သက်လို့ ပြောဆိုဆွေးနွေးမှုလေးတွေ လုပ်ချင်ပါတယ်။ ကျနော်ပြောချင်တာက ဖြစ်နိုင်ရင် CAD Software တွေ တော်တော်များများအကြောင်း ဆွေးနွေးချင်ပါတယ်။ ဗဟုသုတလေးတွေ၊ အတွေ့အကြုံလေးတွေ ဝေမျှစေချင်တာပါ။ ကျနော့်မှာ ရှိတာကတော့ AutoCAD အတွေ့အကြုံတွေပါ။ မိတ်ဆွေတို့ သိချင်တာ၊ မေးချင်တာလေးတွေရှိရင် ကျနော်သိတာ၊ တတ်တာလေးတွေကို ပြောပြချင်ပါတယ်။ အကြောင်းပြန်တာ နောက်ကျရင်တော့ နားလည်ခွင့်လွှတ်ပေးစေချင်ပါတယ်။ နိုင်ငံအသီးသီး၊ နယ်ပယ်အသီးသီးမှာ AutoCAD နဲ့အလုပ်လုပ်နေကြတဲ့ ကျနော်တို့ မြန်မာနိုင်ငံသူ၊ နိုင်ငံသားအပေါင်းအတွက် ကျနော်တတ်နိုင်တာလေးကို ဖြည့်ဆည်း ပေးချင်တာပါ။ နောင်ကိုလဲ AutoCAD နဲ့ ပတ်သက်တဲ့ သင်ခန်းစာလေးတွေ၊ ဆောင်းပါးလေးတွေ၊ AutoCAD eBooks တွေ၊ Engineering eBooks တွေ ကို တတ်နိုင်သလောက် တင်ပေးသွားပါ့မယ် . . .

လေးစားစွာဖြင့်
WISE GUY
(wiseguy.edu@gmail.com)

Friday, June 18, 2010

E-04: Geometric and Engineering Drawing, Second Edition

clip_image002

Geometric and Engineering Drawing, Second Edition
Butterworth-Heinemann 270 pages English 1974 ISBN: 0713133198 PDF 7.6 MB

ကျနော်တို့ Computer Software တွေ အသုံးချပြီး Drawings တွေဆွဲတဲ့အခါ တခါတလေမှာ ကိုယ်သိထားတဲ့ Geometric Idea တွေက အသုံးကျနေတာကို သတိထားမိမှာပါ။ ဒီစာအုပ်ကတော့ Computer နဲ့ဆွဲတဲ့သူရော၊ Manual ဆွဲတဲ့သူပါ အသုံးကျလိမ့်မယ်လို့ ထင်ပါတယ်။

အထူးသဖြင့် Drawing ကို “စ”လေ့လာနေတဲ့ ကျောင်းသူကျောင်းသားတွေအတွက် ပိုအသုံးဝင်မယ် ထင်လို့ တင်ပေးလိုက်တာပါ။

Download: Geometric and Engineering Drawing, Second Edition

1 comment:

  1. ကျေးဇူးတင်ပါတယ်။

    ReplyDelete