ကျနော့်စေတနာနဲ့ဆန္ဒ

မင်္ဂလာပါခင်ဗျား . . . ကျနော် AutoCAD နဲ့ ပတ်သက်လို့ ပြောဆိုဆွေးနွေးမှုလေးတွေ လုပ်ချင်ပါတယ်။ ကျနော်ပြောချင်တာက ဖြစ်နိုင်ရင် CAD Software တွေ တော်တော်များများအကြောင်း ဆွေးနွေးချင်ပါတယ်။ ဗဟုသုတလေးတွေ၊ အတွေ့အကြုံလေးတွေ ဝေမျှစေချင်တာပါ။ ကျနော့်မှာ ရှိတာကတော့ AutoCAD အတွေ့အကြုံတွေပါ။ မိတ်ဆွေတို့ သိချင်တာ၊ မေးချင်တာလေးတွေရှိရင် ကျနော်သိတာ၊ တတ်တာလေးတွေကို ပြောပြချင်ပါတယ်။ အကြောင်းပြန်တာ နောက်ကျရင်တော့ နားလည်ခွင့်လွှတ်ပေးစေချင်ပါတယ်။ နိုင်ငံအသီးသီး၊ နယ်ပယ်အသီးသီးမှာ AutoCAD နဲ့အလုပ်လုပ်နေကြတဲ့ ကျနော်တို့ မြန်မာနိုင်ငံသူ၊ နိုင်ငံသားအပေါင်းအတွက် ကျနော်တတ်နိုင်တာလေးကို ဖြည့်ဆည်း ပေးချင်တာပါ။ နောင်ကိုလဲ AutoCAD နဲ့ ပတ်သက်တဲ့ သင်ခန်းစာလေးတွေ၊ ဆောင်းပါးလေးတွေ၊ AutoCAD eBooks တွေ၊ Engineering eBooks တွေ ကို တတ်နိုင်သလောက် တင်ပေးသွားပါ့မယ် . . .

လေးစားစွာဖြင့်
WISE GUY
(wiseguy.edu@gmail.com)

Saturday, June 5, 2010

တောင်းပန်ပါရစေ . . .

ကျနော် ဘာမှမရေးဖြစ်ပဲ ဒီဘလော့(ဂ)လေးကို ပစ်ထားမိတာ တော်တော်လေး ကြာနေပါပြီ။ မအားတာလဲ ပါတယ်။ အဓိကက ကျနော် ဘလော့(ဂ) ကောင်းကောင်း မရေးတတ်တာပါ . . . ။
ဘယ်လောက်ထိလဲဆို ကိုယ့်ဘလော့(ဂ) နံမည်တောင် ကိုယ်မမှတ်မိလို့ မနည်းပြန်ရှာရတယ် . . . ။ Mysteryzillion မှာရေးခဲ့တာတွေလဲ ဒီမှာပြန်တင်ပေးပါ့မယ်။ အခုကစလို့ ဆက်ရေးတော့ပါ့မယ်။ ဒီအတွက် ကျနော့်ကို ခွင့်လွှတ်ကြပါလို့ တောင်းပန်ရင်းနဲ့ . . . ။

No comments:

Post a Comment