ကျနော့်စေတနာနဲ့ဆန္ဒ

မင်္ဂလာပါခင်ဗျား . . . ကျနော် AutoCAD နဲ့ ပတ်သက်လို့ ပြောဆိုဆွေးနွေးမှုလေးတွေ လုပ်ချင်ပါတယ်။ ကျနော်ပြောချင်တာက ဖြစ်နိုင်ရင် CAD Software တွေ တော်တော်များများအကြောင်း ဆွေးနွေးချင်ပါတယ်။ ဗဟုသုတလေးတွေ၊ အတွေ့အကြုံလေးတွေ ဝေမျှစေချင်တာပါ။ ကျနော့်မှာ ရှိတာကတော့ AutoCAD အတွေ့အကြုံတွေပါ။ မိတ်ဆွေတို့ သိချင်တာ၊ မေးချင်တာလေးတွေရှိရင် ကျနော်သိတာ၊ တတ်တာလေးတွေကို ပြောပြချင်ပါတယ်။ အကြောင်းပြန်တာ နောက်ကျရင်တော့ နားလည်ခွင့်လွှတ်ပေးစေချင်ပါတယ်။ နိုင်ငံအသီးသီး၊ နယ်ပယ်အသီးသီးမှာ AutoCAD နဲ့အလုပ်လုပ်နေကြတဲ့ ကျနော်တို့ မြန်မာနိုင်ငံသူ၊ နိုင်ငံသားအပေါင်းအတွက် ကျနော်တတ်နိုင်တာလေးကို ဖြည့်ဆည်း ပေးချင်တာပါ။ နောင်ကိုလဲ AutoCAD နဲ့ ပတ်သက်တဲ့ သင်ခန်းစာလေးတွေ၊ ဆောင်းပါးလေးတွေ၊ AutoCAD eBooks တွေ၊ Engineering eBooks တွေ ကို တတ်နိုင်သလောက် တင်ပေးသွားပါ့မယ် . . .

လေးစားစွာဖြင့်
WISE GUY
(wiseguy.edu@gmail.com)

Tuesday, June 29, 2010

2D-04: Basic Drawing Commands (Rectangle, Circle, Polygon)

ကျနော်အရှေ့က 2D-03၊ AutoCAD Basic Concept & Data Input မှာ AutoCAD အခြေခံနဲ့ Data ဘယ်လိုသွင်းမလဲဆိုတာ ပြောပြခဲ့ပြီးပါပြီ။ အခုတော့ အခြေခံအကျဆုံး Commands တွေဘယ်လို အသုံးချကြမလဲ ဆိုတာဆက်လေ့လာကြပါစို့ . . . ။


RECTANGLE Command

2D-03 မှာ Line Command အကြောင်းပြောခဲ့ပြီး Rectangle တခုကို ဆွဲကြည့်ခဲ့ကြတယ်နော် . . . ။ အခု Rectangle Command ကိုသုံးတဲ့အခါကျတော့ Diagonal Points နှစ်ခုကို ပေးရုံနဲ့ ဆွဲနိုင်ပါတယ်။ တတန်းတည်း မဟုတ်တဲ့ အမှတ်နှစ်ခုကို သိတဲ့အခါ ကျန်တဲ့နှစ်မှတ်ကို တွက်နိုင်လို့ ဆွဲပေးတာပါ။ အရင် Version အနိမ့်တွေတုန်းက ဆွဲလို့မရနိုင်ခဲ့ပါဘူး။

clip_image002

2D-04: Fig-01

Tolbar: Draw clip_image004
Menu: Draw > Rectangle

Ribbon: Home tab > Draw panel > Rectangle clip_image006

Command: RECTANGLE (or) RECTANG (Enter)
Specify first corner point or [Chamfer/Elevation/Fillet/Thickness/Width]: Drawing Area ထဲက တနေရာရာမှာ Click ပေးလိုက်ပါ။

Specify other corner point or [Area/Dimensions/Rotation]: Mouse ကိုနည်းနည်းဆွဲပြီး တခြားနေရာမှာ Click ပေးလိုက်ပါ။ ကျနော်တို့က Default အတိုင်းပဲလိုက်ပြီး Specify first corner point နဲ့ Specify other corner point ကိုပဲပေးပြီး ဆွဲလိုက်တာပါ။

2D-03 တုန်းက Line Command နဲ့ဆွဲကြည့်ခဲ့တဲ့ 5 x 4 Rectangle ကိုပြန်ဆွဲကြည့်ရအောင် . . .

Command: RECTANG (Enter)
Specify first corner point or [Chamfer/Elevation/Fillet/Thickness/Width]: Drawing Area ထဲက တနေရာရာမှာ Click ပေးလိုက်ပါ။

Specify other corner point or [Area/Dimensions/Rotation]: @5,4 (Enter)

အရင် Line Command သုံးတာထက် ပိုလွယ်သွားပါတယ်။ အစကတည်းက လွယ်တာမပြောဘူးဆိုပြီး ရွှေစိတ်တော် မညိုပါနဲ့အုန်းဗျာ . . . ။

clip_image008

2D-04: Fig-02

Chamfer နဲ့ Fillet Options တွေကို ကျနော် ဒီ Commands တွေပြောပြီးမှ ပြန်ပြောပါ့မယ်။

Elevation က 2D ဆွဲတဲ့သူအတွက် မလိုပါဘူး။ 3D သမားအတွက်ကျတော့ Default အတိုင်းဆွဲရင် Z-Zero Plane မှာဆွဲမှာပါ။ ဒါကို မလိုချင်တဲ့အခါ၊ Z Level တခုမှာဆွဲချင်တဲ့အခါ သုံးမှာပါ။

Thickness ကလည်း 3D ဆွဲတဲ့အခါ အထူတခုနဲ့ဆွဲချင်တဲ့အခါ သုံးပါတယ်။ ဒါပေမယ့် Thickness Option နဲ့ဆွဲတာက Solid မဟုတ်ဘူးနော်။ နံရံလေးဘက် တက်သွားတဲ့သဘောပါပဲ။

Width တခုနဲ့ဆွဲတာကတော့ Ployline ကို Width တခုထားဆွဲတာနဲ့ သဘောချင်းတူပါတယ်။

ဒုတိယ Prompt Line မှာ -

Area တခုကိုသိရင် ဆွဲနိုင်ပါတယ်။ ဒါပေမယ့် Area ကိုသိတော့လည်း Base on Length လား Width လား ထပ်မေးပါလိမ့်မယ်။

Dimensions ကတော့ ထုံးစံအတိုင်း Length နဲ့ Width ကိုပဲ ပေးရပါလိမ့်မယ်။

Rotation ကိုသုံးပြီးဆွဲတဲ့အခါ Default အတိုင်း Horizontal & Vertical Position မဟုတ်ပဲ စောင်းနေတဲ့ Rectangle ကို ဆွဲနိုင်ပါလိမ့်မယ်။

Rectangle တခုကို Rectangle Command နဲ့မဟုတ်ပဲ Line Command နဲ့ဆွဲလဲရပါတယ်။ ဘာကွာလို့လဲဆိုတော့ Line Command ကိုသုံးပြီးဆွဲတဲ့ Rectangle မှာ Objects လေးခုရှိပြီး Rectangle Command နဲ့ကျတော့ တခုပဲရှိပါလိမ့်မယ်။ Mouse Pointer တင်ကြည့်လိုက်ရင် သိသာပါတယ်။ Save လုပ်ပြီးကြည့်ရင်လဲ Objects အရေအတွက် နည်းတဲ့ File က Size ပိုငယ်ပါလိမ့်မယ်။ File Size နည်းလေ၊ ကောင်းလေပါပဲ။

CIRCLE Command

အခု Circle Command ကိုဆက်လေ့လာကြရအောင် . . .

Toolbar: Draw clip_image010

Menu: Draw > Circle > Center, Radius

Ribbon: Home tab > Draw panel > Circle clip_image012

Command: CIRCLE (Enter)
Specify center point for circle or [3P/2P/Ttr (tan tan radius)]: Drawing Area ထဲက တနေရာရာမှာ Click ပေးလိုက်ပါ။

Specify radius of circle or [Diameter]: Mouse ကိုနည်းနည်းနေရာလေးရွေ့ပြီး Click ပေးလိုက်ပါ။ အခုဆိုရင် စက်ဝိုင်းတခုကို လွယ်လွယ်ဆွဲတတ်သွားပါပြီ။

clip_image014

2D-04: Fig-03

Specify center point for circle က Default ပါ။ [3P/2P/Ttr (tan tan radius)] ကတော့ Options ပြောင်းချင် ပြောင်းနိုင်အောင် ပေးထားတာပါ။ 3P (3 Points) နဲ့ဆွဲမလား။ 2P (2 Points) ကတော့ သချာင်္သဘောမှာ မဖြစ်နိုင်ပေမယ့် Diameter ရဲ့ Ends တွေသိရင် ဆွဲနိုင်တယ်လို့ နားလည်ရမှာပါ။ Ttr (Tangent, Tangent, Radius) နဲ့ဆွဲမလား စသဖြင့် ရွေးချယ်ခွင့်တွေ ပေးထားပါတယ်။

ပထမ Click ပေးပြီးချိန်မှာ Mouse ကိုနေရာရွေ့လိုက်ရင် တန်းလန်း၊ တန်းလန်းနဲ့ Radius ဘယ်လောက်ရှိနေပြီဆိုတဲ့ Dynamic Input ကိုမျက်စေ့နောက်ရင် အောက်က Status Bar က DYN (Dynamic Input) ဆိုတဲ့ Button လေးကို နှိပ်ပြီးဖျောက်နိုင်ပါတယ်။ ဒီ Button ကလဲ Toggle ON/OFF ပဲဖြစ်ပါတယ်။

ပထမပေးထားတဲ့ Point နဲ့ ဒုတိယပေးလိုက်တဲ့ Point ရဲ့ Distance ကို AutoCAD က Radius တန်ဖိုးလို့ နားလည်သွားပြီး စက်ဝိုင်း တခု ဆွဲပေးလိုက်ပါတယ်။ ဒုတိယ Prompt မှာ Specify radius of circle က Default ဖြစ်ပြီး ဒီမှာလဲ Diameter ပြောင်းချင်ရင် ပြောင်းနိုင်အောင် Option အနေနဲ့ ပေးထားပါတယ်။

ကျနော်တို့က အတိအကျဆွဲချင်တဲ့အခါ တန်ဖိုးအတိအကျ ရိုက်ထည့်ပေးရပါ့မယ်။ Circle တခုကို ဆွဲနိုင်တဲ့ Options တွေကတော့ -
Center, Radius
Center, Diameter
2 Points (Diameter ရဲ့ Ends တွေကို ပေးရပါ့မယ်။)
3 Points (တဖြောင့်တည်းမဟုတ်တဲ့ သုံးမှတ်ဖြစ်ရပါ့မယ်။)
Tangent, Tangent, Radius (ပေးတဲ့ Radius ဟာဖြစ်နိုင်တဲ့ တန်ဖိုးမဟုတ်ရင် ဆွဲမပေးနိုင်တာ သတိပြုပါ။) နဲ့
Menu ကယူရင် Tan, Tan, Tan ဆိုပြီး 3 Tangents နဲ့ပါ ဆွဲလို့ရတာ တွေ့နိုင်ပါတယ်။ အောက်မှာ ဖော်ပြထားပါတယ်။

clip_image016

circles

2D-04: Fig-04

တစုံတခု Input ပေးတာမှားသွားလို့ ဘယ်နေရာပဲရောက်နေရောက်နေ Esc (Escape Key) ကိုနှိပ်ရင် လက်ရှိနေရာကနေထွက်ပြီး Command Line ကိုပြန်ရောက်သွားပါလိမ့်မယ်။

Spacebar ရယ်၊ Enter ရယ်၊ Mouse ရဲ့ Right Button ရယ်ဟာ အတူတူပဲဆိုပေမယ့် နေရာတိုင်း မဟုတ်ပါဘူး။ ဥပမာ - Text ရိုက်တဲ့ အခါမျိုးမှာ မရနိုင်ပါဘူး။

F1 ကတော့ ထုံးစံအတိုင်း Help ပါ။

F2 က သုံးကြောင်းတည်း မြင်နေရတဲ့ Command Line ကိုအားမရတဲ့အခါ Text Screen ဘက်ကိုသွားဖို့၊ တနည်းပြောရရင် Text Screen နဲ့ Graphic Screen ကိုကူးပြောင်းပေးတဲ့ Toggle Function Key တခုဖြစ်ပါတယ်။

ကျနော်အခုအချိန်မှာ Toolbar, Menu Bar, Ribbon, Command Line တွေပြောနေပေမယ့် နောက်ပိုင်းမှာ ကျနော် Command Line ကိုအဓိကထား ပြောပါ့မယ်။ ခင်ဗျားသန်ရာ၊ သန်ရာလုပ်နိုင်ပါတယ်။ သိပ်ရှည်တဲ့ Command လိုမျိုးကျမှ Menu ကိုအဓိကထား ပြောပါ့မယ်။ ဥပမာ - Dimension တပ်တဲ့အခါမျိုးပေါ့။ ဒီလောက်ဆိုရင် Circle ဆွဲတတ်ပြီထင်ပါတယ်။ နောက်ပိုင်း Tutorial တွေကျတော့ ကျနော်နဲ့အတူတူ လိုက်ဆွဲကြတာပေါ့။

POLYGON Command

ကျနော်နဲ့အတူတူ Radius 2 unit ရှိတဲ့ Circle လေးနှစ်ခုဆွဲလိုက်ပါ။

clip_image018

2D-04: Fig-05

ပြီးရင် -
Toolbar: Draw clip_image020

Menu: Draw > Polygon

Ribbon: Home tab > Extended Draw panel > Polygon clip_image022

Command: POLYGON (Enter)
Enter number of sides <4>: 5 (Enter)
လေးနားဆိုရင် Rectangle နဲ့မထူးမှာစိုးလို့ ငါးနားပြောင်းယူလိုက်တာပါ။

Specify center of polygon or [Edge]: ပထမ Circle ရဲ့ Center ကိုရွေးပါ့မယ်။ OSNAP ကိုလိုရင် ON လိုက်ပါ။ အောက်က Status Bar ပေါ်မှာရှိပါတယ်။ (Default အတိုင်းဆိုရင် Center Point လဲရွေးပြီးသား၊ OSNAP လဲ ON ပြီးသားပါ။) Center ဆိုပြီး လောဘတကြီးနဲ့ Center ဆီအတင်းသွားစရာ မလိုပါဘူး။ စက်ဝိုင်းရဲ့ “အ၀န်း”ပေါ် Mouse Pointer တင်လိုက်တာနဲ့ Center ကိုဖမ်းလို့ ရပါတယ်။ ကျနော်နောက်တော့ OSNAP (Object Snap Modes) တွေအကြောင်း ရှင်းပါ့မယ်။ အခုတော့ ခဏ သည်းညဉ်းခံလိုက်ပါ။

Enter an option [Inscribed in circle/Circumscribed about circle] <I>: (Enter)
Default အတိုင်း Inscribed ကိုယူပါတယ်။

Specify radius of circle: 2 (Enter)

နောက်တခါထပ်ပြီး Polygon ဆွဲဖို့ Command ရိုက်ရမှာ ပျင်းနေပြီလား။ Enter or Spacebar သာခေါက်လိုက်ပါ။ Previous Command ပြန်တက်လာပါလိမ့်မယ်။ ကပ်ရက်ပဲရမယ်နော်။ တခြားသုံးခဲ့တာတွေရော မရနိုင်ဘူးလားပေါ့။ စိတ်မပျက်နဲ့အုန်း။ Command Prompt Area ထဲ Mouse Pointer လေးထည့် Right Click ပေးလိုက်ပါ။ ပေါ်လာတဲ့ Short-cut Menu ရဲ့ အပေါ်ဆုံးက Recent Commands ကိုသွား Click လိုက်ရင် ကျနော်တို့ နောက်ဆုံးသုံးခဲ့တဲ့ Commands ခြောက်ခုကို မှတ်ထားတာ တွေ့ရပါ လိမ့်မယ်။ ဒီတော့ နည်းနည်းကျေနပ်သွားပြီပေါ့။ ခြောက်ခုတည်း မှတ်ပေးတာ နည်းတယ်မထင်ပါနဲ့။ RAM Memory စားလို့ ဒီလောက်ပဲ မှတ်ပေးတာပါ။ ဒါကိုဘယ်လို ပြင်မလဲဆိုတာ နောက်တော့ပြောပါ့မယ်။ Keyboard ပေါ်က Up Arrow, Down Arrow Keys တွေနဲ့လဲ Command History ကိုပြန်ခေါ်ပြီး လိုတာတွေ့ရင် Enter ခေါက်ပြီးသုံးလဲရပါတယ်။

Command: POLYGON (Enter)
Enter number of sides <5>: (Enter)
စောစောက သုံးခဲ့ဘူးတဲ့တန်ဖိုး 5 ကို Default အနေနဲ့ မှတ်ထားတာ သတိထားမိမှာပါ။

Specify center of polygon or [Edge]: နောက် Circle တခုရဲ့ Center ကိုဖမ်းပါ။
Enter an option [Inscribed in circle/Circumscribed about circle] <I>: c (Enter)
Circumscribed ကိုပြောင်းလိုက်ပါတယ်။

Specify radius of circle: 2 (Enter)

အခုဆွဲပြီးသွားတဲ့ Polygon နှစ်ခုကို ပြန်လေ့လာကြည့်ရင် Radius ချင်းတူပေမယ့် Inscribed နဲ့ Circumscribed ကွာတာ သတိထားမိမှာပါ။

clip_image024

2D-04: Fig-06

တကယ်ကတော့ Circle ဆွဲစရာမလိုပါဘူး။ ကွာတာကို ယှဉ်ကြည့်နိုင်ဖို့ အရင်ဆွဲထားတာပါ။
Inscribed မှာ Radius ဟာ Center နဲ့ Polygon Corner ကြားအကွာအဝေးပါ။ Circumscribed မှာတော့ Center ကနေ Polygon Edge ပေါ်ချတဲ့ ထောင့်မှန်ကျ အကွာအဝေးဖြစ်ပါတယ်။ တခုသတိထားမိစရာက အနားအရေအတွက်ကို “စုံ” ထားရင်မသိသာ ပေမယ့် “မ”ထားတဲ့အခါ အမြဲတမ်း အောက်ခြေအနားဟာ ရေပြင်ညီ ဖြစ်နေပါတယ်။

Edge Option နဲ့လဲဆွဲနိုင်ပါတယ်။ Polygon တခုရဲ့ အနားအလျားကို သိတဲ့အခါ ဆွဲမှာပါ။ Regular Polygon ပဲ ဆွဲနိုင်တဲ့ အတွက်ကြောင့် အနားတခုသိရုံနဲ့ ဆွဲနိုင်တာပါ။ ဒီမှာတော့ ကျနော်တို့ Data Input ပေးတဲ့အပေါ် မူတည်ပြီး အနား အရေအတွက် “စုံ”ထားထား၊ “မ”ထားထား အောက်ခြေအနားက ရေပြင်ညီ ဖြစ်ချင်မှဖြစ်မှာနော်။ ဥာဏ်ရှိသလို သုံးပါလေလို့ပဲ ပြောပါရစေတော့။ ကဲ . . . ဒါဆို ကြိုက်သလောက် အနားအရေအတွက်ထားပြီး Polygon တွေဆွဲနိုင်မှာပါ။

clip_image026

2D-04: Fig-07

“အားလုံးကျန်းမာရွှင်လန်းပါစေ” ခင်ဗျား . . . ။

No comments:

Post a Comment