ကျနော့်စေတနာနဲ့ဆန္ဒ

မင်္ဂလာပါခင်ဗျား . . . ကျနော် AutoCAD နဲ့ ပတ်သက်လို့ ပြောဆိုဆွေးနွေးမှုလေးတွေ လုပ်ချင်ပါတယ်။ ကျနော်ပြောချင်တာက ဖြစ်နိုင်ရင် CAD Software တွေ တော်တော်များများအကြောင်း ဆွေးနွေးချင်ပါတယ်။ ဗဟုသုတလေးတွေ၊ အတွေ့အကြုံလေးတွေ ဝေမျှစေချင်တာပါ။ ကျနော့်မှာ ရှိတာကတော့ AutoCAD အတွေ့အကြုံတွေပါ။ မိတ်ဆွေတို့ သိချင်တာ၊ မေးချင်တာလေးတွေရှိရင် ကျနော်သိတာ၊ တတ်တာလေးတွေကို ပြောပြချင်ပါတယ်။ အကြောင်းပြန်တာ နောက်ကျရင်တော့ နားလည်ခွင့်လွှတ်ပေးစေချင်ပါတယ်။ နိုင်ငံအသီးသီး၊ နယ်ပယ်အသီးသီးမှာ AutoCAD နဲ့အလုပ်လုပ်နေကြတဲ့ ကျနော်တို့ မြန်မာနိုင်ငံသူ၊ နိုင်ငံသားအပေါင်းအတွက် ကျနော်တတ်နိုင်တာလေးကို ဖြည့်ဆည်း ပေးချင်တာပါ။ နောင်ကိုလဲ AutoCAD နဲ့ ပတ်သက်တဲ့ သင်ခန်းစာလေးတွေ၊ ဆောင်းပါးလေးတွေ၊ AutoCAD eBooks တွေ၊ Engineering eBooks တွေ ကို တတ်နိုင်သလောက် တင်ပေးသွားပါ့မယ် . . .

လေးစားစွာဖြင့်
WISE GUY
(wiseguy.edu@gmail.com)

Tuesday, June 8, 2010

2D-02: AutoCAD Setting (Limits, Units, Snap, Grid)

AutoCAD ကိုစပြီးလေ့လာတဲ့အခါမှာ AutoCAD ရဲ့ Default Settings တွေကို သိထားဖို့ လိုအပ်ပါတယ်။

ပထမဆုံး Drawing ရဲ့ Limits ကို စလေ့လာကြရအောင် . . . ။

Menu: Format > Drawing Limits

Command: Limits (Enter)

ဆိုရင် အောက်မှာဖော်ပြထားသလို စတွေ့ရပါလိမ့်မယ်။ ကျနော်တို့က ဘာမှမပြင်သေးပဲ Default အတိုင်းပဲ လေ့လာကြည့်ချင်လို့ Enter ပဲခေါက်ပြီး သွားလိုက်ရအောင် . . . ။

Reset Model space limits:

Specify lower left corner or [ON/OFF] <0.0000,0.0000>: (Enter)

Specify upper right corner <12.0000,9.0000>: (Enter)

Drawing Area ထဲမှာ Limits Setting ဟာ ဘယ်ဘက်အောက်ထောင့်က 0,0 မှာရှိပြီး ညာဘက်အပေါ်ကတော့ 12,9 မှာရှိပါတယ်။ အခုလို Decimal နဲ့ ဒဿမလေးနေရာအထိ တွေ့နေရတာက Default Units Setting က Length Type ကို Decimal နဲ့ Precision က ဒဿမလေးနေရာအထိ ယူထားလို့ဖြစ်ပါတယ်။ Units ကိုပြောင်းလိုက်ရင် Limits မှာလည်း လိုက်ပြောင်းသွားတာ နောက်တော့တွေ့ရပါလိမ့်မယ်။

ဒီနေရာမှာ ပြောပြချင်တာက Command ပေးလိုက်လို့ Command Prompt မှာ Bracket [ . . . . . ] နဲ့မြင်နေရတာက Options တွေဖြစ်ပါတယ်။ Option Change ချင်ရင် Capitalize ပြထားတဲ့ Text ကိုနှိပ်ရုံပါပဲ။ များသောအားဖြင့် အစစာလုံး (Initial) ဖြစ်ပေမယ့် အသေမှတ်ထားလို့တော့ နေရာတိုင်းမဖြစ်ဘူးနော်။ eXit လိုမျိုးကျရင် “e” မဟုတ်ပဲ “X” ဖြစ်နေတတ်တယ်လေ။ ON/OFF လိုမျိုးကျတော့ ရှိတာမှ နှစ်လုံးနဲ့သုံးလုံး၊ ဒီကြားထဲ ထိပ်စာလုံးက တူနေပြန်တော့ အပြည့်ရိုက်မှရတော့တယ်။ နောက်က Less than နဲ့ Greater than< . . . > ကြားက Value ဟာ Default ဖြစ်ပါတယ်။ ဘာမှကျနော်တို့က မပြင်ပဲ Enter ခေါက်တာက Default အတိုင်းလက်ခံလိုက်တာပါပဲ . . . ။

Limits ကိုဆက်လေ့လာကြည့်ဖို့ F7 ဒါမှမဟုတ် Status bar ပေါ်က GRID button ကိုဖြစ်ဖြစ် နှိပ်ကြည့်ရအောင်။ ဒီအခါမှာ Drawing Area ရဲ့ ဘယ်ဘက်အောက်ထောင့်၊ UCS Icon နားမှာ Grid အစက်ကလေးတွေ စတွေ့ရမှာပါ။ (AutoCAD 2008 ဆိုရင်ပေါ့) ဟင် . . . Limits Setting ကဒါလေးပဲလားလို့ ဆန္ဒမစောပါနဲ့ဦး။ ဒီလိုလေး ဆက်လုပ်ကြည့်ပါအုန်း . . .

Menu: View > Zoom > Extents

Command: ZOOM (Enter)

Specify corner of window, enter a scale factor (nX or nXP), or

[All/Center/Dynamic/Extents/Previous/Scale/Window/Object] <real time>: E (Enter)

Regenerating model.

Toolbar: Standard clip_image002

ဒီအခါမှာ Grid အစက်တွေဟာ Drawing Area ထဲမှာ အကျယ်ပြန့်ဆုံးမြင်ရမှာပါ။ Mouse Pointer ကို Lower left corner နားယူသွားပြီး Status bar ရဲ့ဘယ်ဘက်ဆုံးမှာရှိတဲ့ Coordinate display ကိုကြည့်လိုက်ပါ။ 0,0 အနီးအနားမှာပြနေသလို Upper right corner နားကိုသွားရင် 12,9 အနီးအနားမှာ ပြနေတာတွေ့ပါလိမ့်မယ်။ အတိအကျလဲ မဟုတ်ဘူးဆိုပြီး မကျေနပ်သေးဘူးမဟုတ်လား . . . ။ ဒီတခါ F9 ဒါမှမဟုတ် Status bar ပေါ်က SNAP button ကိုနှိပ်လိုက်ပါ။ ဒီအခါ ကျနော်တို့ရဲ့ Mouse pointer တနည်း Cross-hair ဟာ Grid အစက်တွေပေါ်မှာပဲ ဇတ်ကနဲ၊ ဇတ်ကနဲ ခုန်သွားတာတွေ့ပါလိမ့်မယ်။ ဒီတခါ Lower left corner, Upper right corner ပြန်သွားရင် တိတိပပ 0,0 နဲ့ 12,9 ကိုတွေ့ရမှာပါ။

ကဲ . . . Limits Setting ကိုပြင်ကြည့်ရအောင် . . . ။

Menu: Format > Drawing Limits

Command: LIMITS (Enter)

Reset Model space limits:

Specify lower left corner or [ON/OFF] <0.0000,0.0000>: (Enter)

Specify upper right corner <12.0000,9.0000>: 120,90 (Enter)

ဒီအခါမှာ Grid ကိုသတိထားကြည့်ရင် ညာဘက်ဘေးကို ထပ်ပြန့်သွားတာတွေ့ပါလိမ့်မယ်။

Zoom, Extents ထပ်လုပ်ကြည့်ရင် Grid တွေစိပ်သွားတာ သတိထားမိမှာပါ။ Cross-hair ကို Lower left corner, Upper right corner သွားပြီး လေ့လာကြည့်ပါဦး။

တခါ Limits ကို Lower left corner: 0,0 နဲ့ Upper right corner: 1200,900 ထိတင်၊ ပြီးရင် Zoom, Extents ထပ်ယူလိုက်ပါ။ AutoCAD 2008 မှာတော့ Grid အစိပ်၊ အကျဲကို ပြန်ချိန်သွားပေမယ့် နိမ့်တဲ့ Version တွေမှာ “Grid too dense to display” လို့ Command prompt မှာတွေ့ရမှာပါ။ ဆိုလိုတာက Grid အစက်တွေ အရမ်းကပ်သွားလို့ မဖော်ပြနိုင်တော့ဘူး ဆိုတဲ့သဘောပါ။

တကယ့်လက်တွေ့ဆွဲတဲ့အခါ ဘယ်တော့မှ Limits ကို ON မလုပ်ပါနဲ့။ ဘာလို့လဲဆိုတော့ Limits ကိုကျော်ပြီးဆွဲမရလို့ ဒုက္ခများပါတယ် . . . ။

အခုဆက်ပြီး Units Setting ကိုလေ့လာရအောင် . . . ။

Menu: Format > Units

Command: UNITS (Enter) ဆိုရင် Drawing Units Dialog box ကို အောက်မှာ ဖော်ပြ ထားသလို တွေ့ရမှာပါ။

Command line သုံးတဲ့သူတွေ သတိထားရမှာက Units နဲ့ Limits Commands နှစ်ခုစလုံးအဆုံးမှာ “S” ပါတာ သတိပြုပါ။

clip_image003

2D-02: Fig-01

Dialog box တွေကို လေ့လာရာမှာ သက်ဆိုင်တဲ့ခေါင်းစဉ်နဲ့ Border လေးတွေ ခတ်ပြ ထားတာ သတိထားမိနိုင်ပါတယ်။ အခုဆိုရင် Length ခေါင်းစဉ်အောက်မှာ Type, Precision ရှိသလို Angle အောက်မှာလဲ Type, Precison ရှိတာ တွေ့ရမှပါ။ Insertion scale, Sample Output, Lighting ဆိုတဲ့ ခေါင်းစဉ်လေးတွေလဲ တွေ့ရမှာပါ။ Length Type ရဲ့ Drop-down List ကိုဖွင့်ကြည့်ရင် -

Architectural, Decimal, Engineering, Fractional, Scientific လို့တွေ့ရလိမ်မယ်။

Architectural ကကျနော်တို့ မြန်မာနဲ့ အရင်းနှီးဆုံး ဗြိတိသျှစနစ် ပေ၊ လက်မနဲ့ ဖြစ်ပါတယ်။ တိကျမှု (Precision) ကို 1/256” အထိထားနိုင်ပါတယ်။ Precison ကိုကြီးထားရင် လိုအပ်လို့ objects တွေကိုပြန်လေ့လာရင် အနီးစပ်ဆုံး Round လုပ်ပြတာ ဖြစ်တတ်တယ်။ ဥပမာ - ကျနော်က Precison ကို 1/8” ပဲထားထားတဲ့အခါ တကယ်တိုင်းလို့ရတာက 1/16” ဖြစ်နေလဲ 1/8” လို့ပဲ ပြလိမ့်မယ်။ တချိန်တုန်းကတော့ Precision ကိုသေးသေးပေးလေ၊ RAM Memory စားလေဖြစ်လို့ ဆင်ခြင် ရပေမယ့် ဒီနေ့ခတ် Computer တွေမှာ ဒီလောက်မှုစရာမရှိတော့ပါဘူး။

Decimal ကတော့ International Standard ဖြစ်တဲ့ Metric System ကိုသုံးချင်တဲ့အခါ ထားပါ့မယ်။ Architectural လို Unit မပါတော့ နည်းနည်းနားလည်မှု လွဲကောင်းလွဲနိုင် ပါတယ်။ ကျနော်တို့ ယူချင်တဲ့ Unit ယူလို့ရပါတယ်။ ဆိုလိုတာက mm, cm, m စသဖြင့် သတ်မှတ်ထားနိုင်ပါတယ်။ ဒီမှာလဲ တိကျမှုကို ဒဿမရှစ်နေရာထိ ပေးနိုင်ပါတယ်။

Engineering ကတော့ ပေနဲ့လက်မပေမယ့် အပိုင်းဂဏန်းနဲ့မဟုတ်ပဲ ဒဿမနဲ့ဖော်ပြတာပါ။ ဒီမှာလဲ Precision ကို လက်မရဲ့ ဒဿမရှစ်နေရာထိ ပေးနိုင်ပါတယ်။

Fractional ကတော့ အပိုင်းဂဏန်းပေမယ့် Units မပါတော့ဘူးနော်။ ဒီမှာလဲ Precision ကို 1/256 ထိပေးနိုင်ပါတယ်။

Scientific ကတော့ သိပ်ကြီးလွန်း၊ သိပ်ငယ်လွန်းတဲ့ အရာတွေအတွက်၊ ဥပမာ - Universe ကြီးတခုလုံးဆွဲချင်တာမျိုး၊ Atom structure ကိုဆွဲချင်တာမျိုးတွေ အတွက် သုံးမှာပါ။

Angle မှာလဲ . . .

Decimal Degrees

Degree, Minute, Second

Gradients

Radians

Surveyor’s Units

တို့နဲ့ Precision ကိုသက်ဆိုင်ရာအလိုက် ထားနိုင်တာတွေ့ရမှာပါ။ Angle ကိုတိုင်းတဲ့အခါ အစဉ်အလာအရ Counter-clockwise ကို Positive ယူလေ့ရှိပါတယ်။ အများနဲ့မတူပဲ ထော်လော်ကန့်လန့် Clockwise ကိုမှ Positive ယူချင်ရင်တော့ Clockwise ကို Check လုပ်ရပါလိမ့်မယ်။

ကျနော်တို့ အလိုရှိသလို Length, Angle နဲ့ Precision တွေကို ပြောင်းကြည့်တဲ့ခါ အလယ်က Sample Output မှာ ပြောင်းသွားတာကို သတိထားကြည့်ရင် Data Input ပေးတဲ့အခါ ဘယ်လို ပေးရမယ်ဆိုတာ နားလည်နိုင်မှာပါ။

Insertion scale ကတော့ Block တွေ Insert လုပ်တာနဲ့ဆိုင်ပါတယ်။ Insertion Scale ရယ်၊ Lighting ရယ်ကို နောက်ပိုင်းဆိုင်ရာကျတော့ ကျနော်ရှင်းပါ့မယ်။

ဒီနေရာမှာ Units Setting ပြောင်းတဲ့အပေါ်မှာလိုက်ပြီး Limits Setting ကလိုက်ပြောင်းပြတာကို တွေ့ရပါလိမ့်မယ်။ ဥပမာ - Architectural ကိုရွေးလိုက်ရင် Limits ရဲ့ Default Setting ဟာ 0’-0”, 0’-0” နဲ့ 1’-0”, 0’-9” လို့ပြတာ တွေ့ရပါလိမ့်မယ်။

တလက်စတည်း Grid နဲ့ Snap Setting တွေဆက်ကြည့်ရအောင် . . .

Menu: Tools > Drafting Settings . . .

Command: Dsettings (Enter) ဒီမှာလဲ “S” ပါတယ်နော်။

ဒါမှမဟုတ် Status bar ပေါ်က Snap, Grid, Polar, Osnap, Otrack, Dyn တခုခုပေါ် Right click ပေးပြီး ပေါ်လာတဲ့ Short-cut Menu က Settings . . . နဲ့သွားလဲရပါတယ်။ အဲဒီအခါမှာ အောက်မှာဖော်ပြထားတဲ့ Drafting Settings Dialog Box ကိုတွေ့ရမှာပါ။ Grid နဲ့ Snap ကိုလေ့လာမှာဆိုတော့ Snap and Grid Tab မဟုတ်ရင် အဲဒီကို သွားလိုက်အုန်းနော် . . . ။

clip_image004

2D-02: Fig-02

Default အတိုင်းဆိုရင် Snap နဲ့ Grid Spacing ဟာ 0.5 ဆီနဲ့ အတူတူပဲ ရှိပါလိမ့်မယ်။ Snap ON/OFF ကို Check Box ပဲသုံးသုံး၊ F9 ပဲနှိပ်နှိပ်၊ Status Bar ပေါ်က Snap Button ကိုပဲ Clik ချင်ရင် Click ကြိုက်သလို သုံးနိုင်ပါတယ်ခင်ဗျား . . .။

ဒီလိုပါပဲ Grid ON/OFF ကိုလဲ Check Box, F7 key ဒါမှမဟုတ် Status Bar ပေါ်က Grid Button ပဲသုံးသုံး၊ စိတ်ကြိုက် ON/OFF လုပ်နိုင်မှာပါ။

Snap မှာ X နဲ့ Y values တွေအတူတူထားချင်ရင်လဲထား၊ မထားချင်ရင်တော့ Equal X and Y spacing ကို uncheck လုပ်ပြီး Aspect ratio နဲ့ထားနိုင်ပါတယ်။ Snap type မှာ Grid snap ကို Rectangular နဲ့ Isometric ရွေးချယ်နိုင်ပါတယ်။ 3D အစစ်မဟုတ်ပဲ စာရွက်ပေါ်မှာဆွဲသလို Isometric ဆွဲတဲ့အခါမှ Isometric ကိုရွေးပါ့မယ်။ Polar Snap ကိုရွေးလိုက်တော့မှ အပေါ်က Polar spacing ကိုသုံးလို့ရမှာဖြစ်ပြီး အလိုရှိတဲ့ Polar distance ကို ပေးနိုင်ပါလိမ့် မယ်။

Grid spacing ကိုလဲ X နဲ့ Y တူအောင်ပဲထားထား၊ မတူအောင်ပဲထားထား၊ ထားလို့ရပါတယ်။ Major line ကိုလဲ ဘယ်နှစ်လိုင်းအကွာမှာ ထားမလဲဆိုတာကို Major line every: မှာ ပေးလို့ရပါတယ်။ Version အနိမ့်တွေမှာ မပါပါဘူး။

Grid behavior မှာ Adaptive grid ကို Check ထားမှ စောစောက ပြောခဲ့တဲ့ Limits Setting ကိုခပ်ကြီးကြီးယူပြီး Zoom, Extents ယူလိုက်တဲ့အခါ AutoCAD က Grid တွေကို ပြန်ချိန်ညှိပေးမှာပါ။ ဒီလိုမှမဟုတ်ရင် Grid too dense to display လို့ပဲ Command prompt မှာ မြင်ရပါလိမ့်မယ်။ Allow subdivision below grid spacing ကို check လုပ်ထားရင် Zoom in, Zoom out ဘယ်လိုလုပ်လုပ် Grid တွေကို ပြန်ချိန်ညှိပေးပါလိမ့်မယ် . . . ။

Display grid beyond Limits ကို check ထားရင် Grid တွေဟာ Limits Setting ထက်ကျော်တဲ့ နေရာတွေမှာလဲ တွေ့ရလိမ့်မယ်။ Follow Dynamic UCS ကတော့ 3D ဆွဲတဲ့အခါ Dynamic UCS ကို ON ထားရင် လက်ရှိ XY UCS တင်မကပဲ ကျနော်တို့ အလိုရှိတဲ့ Plane မှာကြိုက်သလိုဆွဲနိုင်ပါတယ်။ အဲဒီအခါမှာ Grid ကလဲ ကျနော်တို့ဆွဲမယ့် Plane အတိုင်း လိုက်ပြောင်းစေချင်တဲ့အခါမှာ သုံးပါတယ်။

တကယ်လို့ Command Line သုံးမယ်ဆိုရင်တော့ . . .

Command: Snap (Enter) ဆိုရင် . . .

Specify snap spacing or [ON/OFF/Aspect/Style/Type] <0.5000>:

လို့မြင်ရမှာပါ။ ပင်ပင်ပန်းပန်း ဒီနေရာကနေ ON/OFF လုပ်ချင်ရင်လဲ ရပါတယ်ခင်ဗျား . . . ။ Default Snap Spacing ကတော့ 0.5 ဖြစ်ပြီး ကိုယ်အလိုရှိတဲ့အတိုင်း ပေးနိုင်ပါတယ်။ ဒီအခါမှာ X ရော၊ Y ရောအတူတူ ပြောင်းပါလိမ့်မယ်။ X နဲ့ Y မတူချင်ရင်တော့ Aspect Option ထဲက၀င်ပေးပါ။ Style ထဲကနေ ပုံမှန်အတိုင်း Rectangular လား၊ Isometric လား ရွေးနိုင် ပါတယ်။ Polar ကိုအသုံးပြုချင်ရင်တော့ Type ထဲက၀င်ရွေးချယ်လို့ ရပါတယ်။

ဒီလိုပဲ Grid ကို . . .

Command: Grid (Enter) ဆိုရင်

Specify grid spacing(X) or [ON/OFF/Snap/Major/aDaptive/Limits/Follow/Aspect]

<0.5000>: လို့တွေ့ရလိမ့်မယ်။

ဒီမှာလဲ Default Grid Spacing က 0.5 ပဲဖြစ်ပြီးလိုသလိုပြင်၊ ပြင်ရင် X ရော၊ Y ရော လိုက်ပြောင်းလိမ့်မယ်။ ON/OFF ကတော့ မပြောတော့ဘူးနော်။ သဘောပေါက် . . . ။ Grid Setting ကို Snap Setting နဲ့အတူတူထားချင်ရင် Snap Option ကိုရွေးပါ။ Major Grid Setting ကိုပြင်ချင်ရင် Major ထဲထပ်ဝင် ပါ။ Adaptive behavior ကိုရွေးချင်ရင် aDaptive ထဲဝင်ပြီး Yes/No နဲ့ ရွေးချယ်နိုင်ပါတယ်။ Limits ကိုကျော်ပြီး Grid တွေကို မြင်ချင်ရင် Limits ထဲထပ် ၀င်ပါ။ Dynamic UCS ကို Follow လုပ်ချင်ရင် Follow ထဲက၀င်ပါ။ X နဲ့ Y ရဲ့ Grid Spacing ကိုမတူအောင်ထားမယ်ဆိုရင်တော့ Aspect ထဲကနေ ၀င်ပေးလို့ ရပါတယ်။

သိသင့်လို့ပြောပြပေမယ့် ကျနော့်အတွေ့အကြုံအရ ပြောရရင် တကယ့်လက်တွေ့ လုပ်တဲ့အခါမှာ Grid ရော၊ Snap ရော မသုံးသလောက်ကို အသုံးနည်းပါတယ်။

“အားလုံးကျန်းမာရွှင်လန်းပါစေ”ခင်ဗျား . . . ။

No comments:

Post a Comment