ကျနော့်စေတနာနဲ့ဆန္ဒ

မင်္ဂလာပါခင်ဗျား . . . ကျနော် AutoCAD နဲ့ ပတ်သက်လို့ ပြောဆိုဆွေးနွေးမှုလေးတွေ လုပ်ချင်ပါတယ်။ ကျနော်ပြောချင်တာက ဖြစ်နိုင်ရင် CAD Software တွေ တော်တော်များများအကြောင်း ဆွေးနွေးချင်ပါတယ်။ ဗဟုသုတလေးတွေ၊ အတွေ့အကြုံလေးတွေ ဝေမျှစေချင်တာပါ။ ကျနော့်မှာ ရှိတာကတော့ AutoCAD အတွေ့အကြုံတွေပါ။ မိတ်ဆွေတို့ သိချင်တာ၊ မေးချင်တာလေးတွေရှိရင် ကျနော်သိတာ၊ တတ်တာလေးတွေကို ပြောပြချင်ပါတယ်။ အကြောင်းပြန်တာ နောက်ကျရင်တော့ နားလည်ခွင့်လွှတ်ပေးစေချင်ပါတယ်။ နိုင်ငံအသီးသီး၊ နယ်ပယ်အသီးသီးမှာ AutoCAD နဲ့အလုပ်လုပ်နေကြတဲ့ ကျနော်တို့ မြန်မာနိုင်ငံသူ၊ နိုင်ငံသားအပေါင်းအတွက် ကျနော်တတ်နိုင်တာလေးကို ဖြည့်ဆည်း ပေးချင်တာပါ။ နောင်ကိုလဲ AutoCAD နဲ့ ပတ်သက်တဲ့ သင်ခန်းစာလေးတွေ၊ ဆောင်းပါးလေးတွေ၊ AutoCAD eBooks တွေ၊ Engineering eBooks တွေ ကို တတ်နိုင်သလောက် တင်ပေးသွားပါ့မယ် . . .

လေးစားစွာဖြင့်
WISE GUY
(wiseguy.edu@gmail.com)

Tuesday, June 29, 2010

E-05: Pipe Drafting & Design, Second Edition

clip_image001

Pipe Drafting & Design, Second Edition
Gulf Professional | ISBN: 0750674393 | English | 2002 Second Edition | PDF | 324 Pages | 27.3 MB

Piping Drawing ဆွဲနေတဲ့သူတွေနဲ့ လေ့လာချင်တဲ့သူတွေအတွက် ဒီစာအုပ်က တထောင့်တနေရာက အထောက်အကူ ဖြစ်လိမ့်မယ်ထင်လို့ တင်ထားလိုက်ပါတယ်။ Manual ဆွဲတဲ့သူရော၊ Computer နဲ့ဆွဲတဲ့သူအတွက်ပါ အသုံးဝင်ပါတယ်။ Pipe အမျိုးအစားအမျိုးမျိုးနဲ့ Fitting အမျိုးမျိုးအတွက်လည်း လေ့လာနိုင်ပါတယ်။ Chapter တခုပြီးတိုင်းမှာ Review Quiz တွေ ထည့်ပေးထားလို့ ဖတ်ပြီးရင် ကိုယ်ဘယ်လောက်သိနားလည်တယ်ဆိုတာကိုလဲ ပြန်ဆန်းစစ်နိုင်ပါတယ်။ PNID (Piping and Instrumentation Diagram) တွေလဲပါတဲ့အတွက် လေ့လာလို့ ကောင်းပါတယ်။ PNID Codes တွေဟာ ကုမ္ပဏီတခုနဲ့တခု Assign လုပ်တာချင်းမတူပေမယ့် အခြေခံအားဖြင့်တော့ အတူတူပါပဲ။

Download : Pipe Drafting and Design, Second Edition

1 comment: